ရန်ကုန်၊ ဇူလိုင် ၁၅
ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်မှ ပြည်သူ ၂ ဦးနှင့် သင်္ဃန်းမြို့နယ်မှ ပြည်သူ ၅ ဦးကို အကြမ်းဖက် စစ်တပ်က ဇူလိုင်လ ၃ ရက်နှင့် ၄ ရက်နေ့တို့တွင် အကြောင်းမဲ့ ဝင်ရောက်ဖမ်းဆီသွားပြီ စစ်ကြောရေးသို့ ပို့ဆောင်ထားသောကြောင့် အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရသည်။
ဇူလိုင် လ ၃ ရက်နေ့ ည ၁၁ နာရီခန့်တွင် သင်္ဃန်းကျွန်းမြို့နယ် ၊ ကြီးပွားရေးရပ်ကွက်၊ တပင်ရွှေထီးလမ်းပေါ်ရှိ တိုက်တစ်တိုက်ပေါ်တွင် အကြမ်းဖက် စစ်တပ်မှ သက္ကလမြို့နှင့် ကဝမြို့နယ် ကျေးရွာများမှ ဦးအုန်းမြင့် ၊ ကိုနေလင်းထိုက်၊ ကိုကျော်သက်ပိုင်၊ ကိုခန့်မှူးဇော်၊ ကိုသက်စိုးဦး၊ ကိုမင်းခန့်ဇော်တို့ကို အကြောင်းမဲ့ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးကို ပို့ဆောင်ထားကာ လက်ရှိချိန်ထိ အဆက်အသွယ် ပြတ်တောက်လျက်ရှိကြောင်းသည်။
အလားတူ တောင်ဥက္ကလာပမြို့နယ် အင်းဝလမ်း ၂၀ရှိ တိုက်ခန်း တစ်ခုတွင် နေထိုင်သော ကိုနိုင်လတ်နှင့် မအေးအေးမင်းတို့ကိုလည်း အကြမ်းဖက် စစ်တပ်က ဇူလိုင် ၄ ရက် နံနက် ၁ နာရီကျော်ခန့်တွင် နေအိမ်အတွင်းသို့ သော့ဖျက်ဝင်ကာ အကြောင်းမဲ့ ဖမ်းဆီးခဲ့ပြီး စစ်ကြောင်ရေးသို့ ပို့ဆောင်ထားက အဆက်အသွယ် ပြတ်တောက်လျက်ရှိကြောင်းသိရသည်။
” ဖမ်းဆီးခံရတဲ့သူတွေက ကဝမြို့နယ်သားတွေဆိုတောတော့ သေချာတယ်။ ဘာကြောင့် ဖမ်းဆီးရတာလဲတော့မသိရသေးဘူး။ ဖမ်းဆီးခံရသူ ၇ ဦးကို ဘယ်ထောင်ကိုဖမ်းသွားတယ်။ ဘယ်စစ်ကြောရေးမှာ စစ်နေတယ်ဆိုတာလည်း မသိရသေးဘူး။ ပြီးတော့ စစ်ကောင်စီက ဖမ်းပြီးသွားရင် အပြစ်ရှိရှိမရှိရှိ ညှင်းပန်းနှိပ်စက်ပြီး သတ်ပစ်လေ့ရှိတယ်။ ကဝမှာလည်း ကိုဇာနည်လင်းကို စစ်တပ်က အပြစ်မရှိဘဲ အကြောင်းမဲ့ ဖမ်းပြီး သတ်ပစ်ခဲ့တာဆိုတော့ အခုလူတွေကိုလည်း လက်စဖျောက် သတ်ပစ်မှာ အတော့်ကို စိုးရိမ်ရတယ် ” ဟု Kawa Information အဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူ တစ်ဉီးက ပြောဆိုသည်။
ကဝမြို့နယ် ၊ မက်မောက်ကျေးရွာမှ ကိုဇာနည်လင်းကို ၂၀၂၂ခုနှစ် ၊ မတ်လ ၆ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးခဲ့ပြီး ညှင်းပန်းနှိပ်စက်မှုများကြောင့် မတ် ၇ ရက်နေ့တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။