29 C
Yangon

ကျောက်ကြီးမြို့နယ်မှ ပြည်သူ ၂ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ဟု KNU ကပြော၊ ပင်လည်ဘူးတွင် စစ်တပ်နှင့် ရှမ်းနီအဖွဲ့က သတ်ဖြတ်ခဲ့သော ပြည်သူ ၁ ဦး၏ ရုပ်အလောင်းတွေ့ရှိ

Must read

ရန်ကုန်၊ ဇူလိုင် ၁၅

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ဇူလိုင်လ ၁၄ ရက်နေ့ စပ်လဲရွာကို လက်နက်ကြီးဖြင့် ပစ်ခတ် ခဲ့သောကြောင့် ဒေသခံ ပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး သောင်ပုရွာသား ပြည်သူ ၁ ဦးကိုလည်း စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း ကရင် အမျိုးသား အစည်းအရုံး ဗဟို (KNU) က ပြော သည်။

စစ်တပ် ခမရ-၃၅၁၊ ခလရ-၆၀နှင့် ပူးပေါင်းတပ်များသည် ကျောက်ကြီးမြို့ရှိ မာလာဦးဂိတ်နှင့် ဆင်မတောင်မှ စပ်လဲကျေးရွာကို ဇူလိုင်လ ၁၄ ရက်နေ့ ညနေ ၂ နာရီ ၂၂ မိနစ်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး အသက် ၄၀ နှစ်အရွယ် စောရှီးမေ ပွဲချင်းပြီးသေဆုံးပြီး ၎င်းသားဖြစ်သူ အသက်(၁၂)နှစ် အရွယ် နော်ထီးဆဲခူနှင့် အသက် (၆)လအရွယ် စောထီးဖိုးကလိုးတို့ ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၁၄ ရက်နေ့ နံနက် ၇ နာရီခန့်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သောင်ပုကျေးရွာရှိ သင်းအုပ် ဆရာ စောဖရက်စလီ၏ သားဖြစ်သူ အသက်၂၇ နှစ် အရွယ် စောလာဘူကို ဖမ်းဆီး သတ်ဖြတ် ခဲ့ကြောင်း သိရသည်။

ယမန်နေ့ နံနက် ၈ နာရီ ၃၈ မိနစ်တွင် ကျောက်စရစ်ကျေးရွာအုပ်စု၊ သောင်ပုကျေးရွာအနီးတွင် အကြမ်းဖက် စစ်တပ် ခမရ-၃၅၀ ၊ခမရ-၆၀၃ နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် တပ်ရင်း (၉) တို့အကြား ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကရင် အမျိုးသားလွတ်မြောက်ရေး တပ်မတော်ဘက်မှ ထိခိုက် ကျရှုံးမှုမရှိသော်လည်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်ကျရှုံးမှု ရှိကာ အရေအတွက်ကို အတည် မပြုနိုင်သေးကြောင်း သိရသည်။

ယမန်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် စစ်တပ်က ဇူလိုင်လ ၁၃ ရက်နေ့က ဖမ်းဆီးထားသော အလယ်စုကျေးရွာနှင့် ဝါးပင်စုကျေးရွာရှိ ပြည်သူလူထုများကို ဓားစာခံအဖြစ် ခေါ်ယူပြီး ကျောက်စရစ်စခန်းသို့ ပြန်ဝင်သွားကြောင်း သိရသည်။

ယမန်နေ့ နံနက် ၇ နာရီ ၅၀ မိနစ်အချိန်ကလည်း ကျောက်ကြီးမြို့နယ် မူသယ်ကျေးရွာအနီးတွင် အကြမ်းဖက် စစ်တပ်၏ ခလရ-၇၅နှင့် ကရင့် အမျိုးသား ကာကွယ်ရေးတပ်မတော် (KNDO) တို့ ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အာဏာ သိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ တပ်ကြပ်ကြီး အဆင့်ရှိသူ ၁ ဦး ကျဆုံးခဲ့ကာ ကရင့်အမျိုးသားကာကွယ်ရေးတပ်မတော်(KNDO)မှ ထိခိုက်ကျဆုံးမှု မရှိကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ် ဆိုင်ယာကြီးကျေးရွာ၌ အကြမ်းဖက် စစ် တပ်ဖွဲ့နှင့် ရှမ်းနီ(SNA) တပ်ဖွဲ့ဝင်များက ဖမ်းဆီးသတ်ဖြတ်ထားသော အင်းကုန်းကျေးရွာသား ကိုမင်းနောင်၏ ရုပ်အလောင်းကို ဇူလိုင်လ ၁၄ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ဒေသခံ ပြည်သူများက ရှာဖွေတွေ့ရှိခဲ့ကြောင်း ကောလင်း နယ်မြေခံ သတင်းရင်းမြစ်ဖြစ်သော Kawlin info အဖွဲ့ထံမှ သိရသည်။

ဆိုင်ယာကြီးရွာတွင် အကြမ်းဖက် စစ်တပ်နှင့် ရှမ်းနီ (SNA) တပ်ဖွဲ့များက ဇူလိုင် လ ၁၀ ရက်နေ့ တပ်စွဲ နေထိုင်စဥ် ကိုမင်းနောင်ကို ဖမ်းဆီး သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- စစ်တပ်က ကျောက်ကြီးတွင် ဖမ်းဆီးသတ်ဖြတ်ခဲ့သော ပြည်သူတစ်ဦး၏ ရုပ်အလောင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article