29 C
Yangon

Khit Thit သတင်းဌာန၏ ဇူလိုင် ၁၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

 By ရန်ကုန်ခေတ်သစ် 

ဒီကနေ့ ဇူလိုင် ၁၅ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့

-တနင်္သာရီတိုင်း၊ ရေဖြူမြို့- အရှေ့ဖက်ကမ်း၊ နဝဒေးလမ်း မှာရှိတဲ့ ရေဖြူမြို့နယ်စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးကို ဇူလိုင်လ ၁၃ ရက်နေ့ ည ၁၀ နာရီခွဲလောက်မှာ ပြည်သူ့ကာကွယ်ရေး‌ ပူပေါင်းတပ်ဖွဲ့တွေကနေ နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ဖောက်ခွဲ တိုက်ခိုက် ရှင်းလင်းလိုက် တယ်လို့ တနင်္သာရီတိုင်း၊ စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ရဲ့ ပြန်ကြားရေးက ပြောပါတယ်။

-ရှမ်းပြည်နယ် နဲ့ ကရင်နီပြည်နယ်အစပ် ၊ ဖယ်ခုံမြို့နယ်၊ လွယ်ပေါရွာမှာရှိတဲ့ စျေးဆိုင်ခန်းတွေကို အကြမ်းဖက် စစ်ကောင်စီတပ်က ဖောက်ထွင်းပြီး စာခြောက်ရုပ် စစ်သားတွေကို ကင်းချထားတယ်လို့ ဖယ်ခုံမြို့နယ် ၊ ပြည်သူ့ကာကွယ်ရေးတပ် ၊ တပ်ရင်း ၂ ကနေ ဓာတ်ပုံ နဲ့ တကွ သတင်းထုတ်ပြန် ထားပါတယ်။

-ရန်ကုန်မြို့ ၊ တောင်ဥက္ကလာပမြို့နယ်က ပြည်သူ ၂ ဦး နဲ့ သင်္ဃန်းမြို့နယ်က ပြည်သူ ၅ ဦးကို အကြမ်း ဖက် စစ်ကောင်စီတပ်က ဇူလိုင်လ ၃ ရက်နေ့ နဲ့ ၄ ရက်နေ့တွေမှာ အကြောင်းမဲ့ ဝင်ရောက်ဖမ်း ဆီသွားပြီ စစ်ကြောရေးကို ပို့ဆောင်ထားတဲ့အတွက် အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ သိရပါတယ်။

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကျောက်ခွက်-ရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က ဇူလိုင်လ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်လောက်မှာ ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် ရေနံကျင်း ၁၀၀ ကျော် နဲ့ နေအိမ် ၇ လုံးကို မီးရှို့ ဖျက်ဆီးခဲ့တဲ့အပြင် ၊ ပြည်သူပိုင် ပစ္စည်းတွေကို ခိုးယူ လုယက်သွားတဲ့ သတင်းအပါ အဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article