32 C
Yangon

Khit Thit သတင်းဌာန၏ ဇူလိုင် ၁၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

 By ရန်ကုန်ခေတ်သစ် 

ဒီကနေ့ ဇူလိုင် ၁၆ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့

– အိန္ဒိယနိုင်ငံဟာ ဆွီဒင်နိုင်ငံထုတ်84 လောင်ချာမှာ အသုံးပြုတဲ့ နည်းပညာမြင့် ဖောက်ခွဲရေး စနက်တံတွေကို မြန်မာစစ်ကောင်စီတပ်ဆီကို မကြာသေးမီက တင်ပို့ ရောင်းချခဲ့တယ်လို့ ဆိုပါတယ်။ ဒီတင်ပို့မှုဟာ မြန်မာနိုင်ငံအပေါ် အီးယူရဲ့ လက်နက်ပိတ်ဆို့ ထားမှုကို ချိုးဖောက်တာ ဖြစ်တယ် လို့ Justice for Myanmar အဖွဲ့က ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

– အကြမ်းဖက်စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေကို ဖိနှိပ်-ညှဉ်းပန်း နှိပ်စက်မှုတွေ လုပ်ဆောင်နေပြီး ၊  ထားဝယ်ထောင် နဲ့ သာယာဝတီ အကျဥ်းထောင်က နိုင်ငံရေး အကျဉ်းသား ၁၃ ဦး အပြင်းအထန် နှိပ်စက် ခံနေရတယ်လို့ သိရပါတယ်။

– စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသူ လူငယ်တွေ ၊ နိုင်ငံရေးသမားတွေ နဲ့ ပြည်သူတွေကို အမိန့်ချ တရားစီရင်သူ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားသူကြီး စန်းလင်းကို Special Task Agency of Burma (STA) အဖွဲ့က ရှင်းလင်းလိုက်တယ်လို့ အဲ့ဒီ့ အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် ကိုပြော ပါတယ်။

– ချင်းပြည်နယ်၊ မတူပီအခြေစိုက် ခလရ ၁၄၀ က စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှူး သန်းနိုဝင်းကို ဇူလိုင်လ ၁၅ ရက်နေ့မှာ CDF မတူပီကနေ ရှင်းလင်းလိုက်တဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article