ရန်ကုန်| ဇူလိုင် ၁၆
ကရင်အမျိုးသားထုအတွက် တန်းတူညီမျှခွင့်နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ဆောင်ကြဉ်းဖို့ ကရင်မျိုးသားကာကွယ်ရေးတပ် KNDO ဖွဲ့စည်းခဲ့တာ ၇၅နှစ်ပြည့်ပြီဖြစ်ပါတယ်။
KNDO ကို ဇူလိုင် ၁၆၊ ၁၉၄၇ ခုနှစ်မှာ ကရင့်အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီး ဦးစီးဖွဲ့စည်းခဲ့တာဖြစ်ပြီး ၇၅နှစ်ပြည့်အခမ်းအနားကို ဒီနေ့ ဇူလိုင် ၁၆ရက်မှာ) ကျင်းပခဲ့ပါတယ်။
အခမ်းအနားမှာ KNDO စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြက “ဒီတော်လှန်ရေးမှာ ကျနော်တို့အားလုံး တစ်ဦးနဲ့တစ်ဦးနားလည်မှုရှိရှိကူညီကြပြီး ညီညီညွတ်ညွတ်လုပ်ဆောင်ကြဖို့လိုတယ်” လို့ မိန်းခွန်းပြောပါတယ်။
ဓာတ်ပုံ-KNDO



