26 C
Yangon

ကျိုက်ထိုတွင် စစ်ယာဉ်တန်း မိုင်းဆွဲခံရမှု စစ်သား ၁၀ ဦးသေဆုံး၊ မြိတ်မြို့လယ်တွင် စစ်ယာဉ်တန်းမိုင်းဆွဲခံရ၍ ကားတန်းပြန်လှည့်ပြေး၊ ရွှေကူတွင် ပြောင်းရွှေ့ရန် ပြင်ဆင်နေသည့် စစ်ကြောင်းကို တိုက်ခိုက်

Must read

ရန်ကုန်၊ ဇူလိုင် ၁၆

မွန်ပြည်နယ်၊ သထုံခရိုင် တပ်မဟာ(၁)နယ်မြေ ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေး ရွာတွင် ဇူလိုင်လ ၁၅ ရက်နေ့ စစ်ကော်စီတပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ၁၀ ဦးသေဆုံးပြီး ၁၅ ဦးဒဏ်ရာရရှိကြောင်း သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်း(၃)မှ ပြန်ကြားရေးတာ ဝန် ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောသည်။

ဇူလိုင် ၁၅ရက်နေ့ နံနက် ၁၀နာရီခန့်တွင် အင်္ဂဘိုကျေးရွာ ဆီအုန်းအမှတ် ၂ လေး ဒေါင့်ကန် အနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း – ၃ နှင့် KNU/KNLA ပူးပေါင်းတပ်ဖွဲ့များက စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ မိုင်းဆွဲမှုကြောင့် စစ်သား ၁၀ ဦးသေဆုံးသည့်အပြင် စစ်ဗိုလ်တစ်ဦး တိုက်ပွဲအတွင်း အလန့် တကြားထွက်ပြေးရာမှ ကားတိုက်သေဆုံး ခဲ့ကြောင်း သိရှိရသည်။

“ကားတိုက်လို့သေတာက အရာရှိတစ်ယောက်ရှိတယ်။ မိုင်းဆွဲပစ်ခတ်လို့သေတာက စစ်သား ၁၀ ဦးနဲ့ ဒဏ်ရာရတာက ၁၅ ဦးရှိတယ်။ ပစ်ခတ်လို့ သေသွားတဲ့ စစ်သား ၁၀ ဦးက စာရင်းပဲရသေးတာ။ ရာထူးတွေတော့ မသိရသေးဘူး” ဟု သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်း(၃)မှ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောသည်။

အလားတူ ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့နံနက် ၇ နာရီအချိန် တနင်္သာရီတိုင်း၊ မြိတ်မြို့၊ ရေပုန်းရပ်ကွက်၊ ဘုံပျံစာသင်ကျောင်းသို့ လာရောက်သည့် အကြမ်း ဖက် စစ်ကောင်စီတပ်သား များတင်လာသော ကားတန်းကို မြိတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က လမ်းမှဖြတ်၍ မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း တနင်္သာ ရီတိုင်းစစ်ဒေသခွဲမှ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုသည်။

“ကျောင်းကိုလာပြီး သန့်ရှင်းတဲ့ကားတန်းလို့ ပြောတယ်။ ၃ စီးလောက်ကရှေ့မှာ ။ အဲဒီမှာ မြို့လယ်ထဲမှာ မိုင်းခွဲတာက မထိဘူး။ ဒါပေမယ့် နောက်က ကားတန်းတွေ ပြန်လှည့်သွားတယ်။ ပြည်သူတွေကို မေတ္တာရပ်ခံချင်တာက ကျနော်တို့ ပြောချင်တာက စစ်တပ်နဲ့ပတ်သက်တဲ့နေရာတွေမှာ မနေကြပါနဲ့ ရှောင်ကြားပါ။ ကျနော်တို့ နန်းထိုက်အောင် စစ်ဆင်ရေးကို အရှိန်မြှင့်ဖို့ရှိပါတယ်” ဟု တန င်္သာရီတိုင်းစစ်ဒေသခွဲမှ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုသည်။

ယနေ့ နံနက်ပိုင်း မြိတ်မြို့လယ်အတွင်း မိုင်းခွဲမှုမှာ နန်းထိုက်အောင်စစ်ဆင် ရေး တစ်ရပ် ဖြစ်ကြောင်း မြိတ်ပကဖနှင့် နန်းထိုက်အောင်စစ်ဆင်ရေး ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ကချင်ပြည်နယ် ရွှေကူမြို့နယ် ဧရာဝတီမြစ်ဘေးတွင် မော်တော်ဖြင့် ပြောင်းရွေ့ရန် စီစဥ်နေသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို KPDF မြို့လှတပ်ရင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊မြို့လှအရံတပ်ဖွဲ့ပူးပေါင်းတပ်များမှ ယနေ့ မွန်းလွှဲပိုင်း ၁နာရီ ၁၀မိနစ်တွင် မိုးစစ်ကျေးရွာ သင်္ချိုင်းကုန်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ပစ်ခတ်တိုက်မှုကြောင့် ထိခိုက်မှုရှိနိုင်ကြောင်း မြို့လှ PDF အဖွဲ့က သတင်းထုတ်ပြန်သည်။

“အကြမ်းဖက်စစ်ကောင်စီ စစ်သည် အင်အား ၃၀ ကျော်ခန့်ပါဝင်သော စစ်ကောင်စီစက်လှေမှ ပြောင်းရွေ့ရန် စီစဥ်နေချိန်မှာ ကျွန်တော်တို့က ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဒီကောင်(အကြမ်းဖက်စစ်ကောင်စီတပ်)တွေ ကမ်းပေါ် တက်ပြေးကုန်ကြတာဗျ ထိခိုက်မှုရှိနိုင်တယ်” ဟု ဗိုလ်မိုးကြိုးတပ်ခွဲ တပ်စုမှူး ရဲဘော်က သတင်းပို့လာကြောင်း မြို့လှ PDF ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယမန်းနေ့ ည၁၀ နာရီခန့်နှင့်ယ​နေ့မနက်ပိုင်း ၈နာရီကျော်ခန့်တွင်လည်း မြစ် ကြောင်း အတွင်း အစုန်အဆန်လုပ်နေသော အကြမ်းဖက်စစ်ကောင်စီ စက်လှေများကို KPDF မြို့လှအရံတပ်ဖွဲ့မှ လက်လုပ်ရှေ့ထွက်မိုင်းကြီးများ၊ လက် လုပ် M79 များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ပစ်ခတ်မှုများမှာ ထိရောက်မှုရှိ၍ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များထိခိုက်မှုရှိနိုင်ပြီး ထိုတိုက်ခိုက်မှုများကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများမှ ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

စစ်တပ်က လက်နက်ကြီးများရန်းသန်းပစ်ခတ်ခဲ့သဖြင့် သီလရှင်တစ်ဦး လက် နက်ကြီးကျည်ထိမှန်၍ ပျံလွန်တော်မူကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကားတစ်စီး။

Photo- Reuters ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article