26 C
Yangon

ရန်ကုန်၊ မြောက်ဥက္ကလာမြို့နယ်ရှိ စစ်ထောက် လှမ်းရေးတပ် စစ်ဆေးရေး ဂိတ်ပေါက် ၂ ခုဖောက်ခွဲ တိုက်ခိုက်ခံရ၊ တောင်ဒဂုံမြို့နယ်၊ ကျည်စုရပ်ကွက်ရုံးလည်း ဖောက်ခွဲ တိုက်ခိုက်ခံရ

Must read

ရန်ကုန်၊ ဇူလိုင် ၁၇

ရန်ကုန်တိုင်း မြောက်ဥက္ကလာမြို့နယ် အောင်မင်္ဂလာ အဝေးပြေး ဝင်းရှေ့ရှိ စစ်ထောက်လှမ်းရေးတပ် စစ်ဆေးရေး ဂိတ်ပေါက် ၂ ခုကို ယနေ့ ဇူလိုင်လ ၁၇ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်တွင် UG လူငယ်များက ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

” ထိခိုက်မှု အခြေအနေ မသိရသေးဘူး။ အဝေးပြေး ဝင်းရှေ့တည့်တည့်က ဂိတ်ပေါက်ရယ် ၃ လမ်းဆုံ ထိပ်က ဂိတ်ပေါက်ရယ် ၂ နေရာ စလုံးကို ဖောက်ခွဲ တိုက်ခိုက်ခဲ့တာ ဂိတ်ပေါက် ၂ ခုလုံးက စစ်ထောက် လှမ်းရေး ဂိတ်ပေါက်တွေပဲ” ဟု UG ရဲဘော် တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Silver Coin N/Oka အဖွဲ့နှင့် မြောက်ဥက္ကလာ သမိုင်း မရိုင်းစေချင် လူငယ်များ အဖွဲ့ က ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ACPLF Ranger အဖွဲ့က ပံ့ပိုးကူညီပေးခဲ့ကြောင်း သိရသည်။

အလားတူ ရန်ကုန် တောင်ဒဂုံမြို့နယ် ကျည်စု ရပ် ကွက်ရုံးကို ယနေ့ ဇူလိုင်လ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ပြ ပြောက်ကျား တပ်ဖွဲ့များက ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက် ပျက်စီးမှုများ ရှိကြောင်း သိရသည်။

ထို့ပြင် တောင်ဒဂုံ လှော်ကားလမ်းမကြီးတွင် စစ်တပ် ယာဥ်တန်းကို ဖောက်ခွဲတိုက်ခိုက်ရန် ပြင်ဆင်ထား သည်ကို အကြမ်းဖက် စစ်တပ်ကို သတင်းပေးမှုများရှိခဲ့​ကြောင်း၊ နံနက် ၈ နာရီ ၃၀ မိနစ်တွင် ဗုံးတပ်ဆင်ထားသည်ကို တွေ့ရှိခဲ့ပြီး စစ်တပ်က သိမ်းဆည်းသွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို Yangon UG Association (YUA) ၏ မဟာမိတ် ညီနောင်များဖြစ်သော Secret Underground Force (SUF)၊ Special Nway Oo (SNO) နှင့် God’s Hand Forces (GHF) အဖွဲ့တို့က ပူးပေါင်း ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article