35 C
Yangon

Khit Thit သတင်းဌာန၏ ဇူလိုင် ၁၉ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

 By ရန်ကုန်ခေတ်သစ် 

ဒီကနေ့ ဇူလိုင် ၁၉ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့

-ရခိုင်ပြည်နယ်၊ မောင်တောမှာရှိတဲ့စစ်ကောင်စီတပ်ကို AA က မနေ့ကတိုက်ခိုက်ရာ ရဲမှူး ၁ ဦး လက်နက်ချအညံ့ခံမှု အပါအဝင် ၁၄ ဦး ဖမ်းမိခဲ့ပါတယ်။ ဒါ့အပြင် လက်နက် ၂၆ လက်၊ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ Arakan Princess Media ရဲ့သတင်းဖော်ပြချက်အရ သိရပါတယ်။

– ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး လှသိင်္ဂီရွှေဆိုင်ပိုင်ရှင် ကျော်စိုးထွန်းနဲ့ ရာအိမ်မှူးဖိုးထူးတို့ ဇူလိုင်လ ၁၈ ရက်နေ့ ည ၉ နာရီကျော်မှာ ပစ်သတ်ခံလိုက်ရတယ်လို့ လှိုင်သာယာ ဒေသခံတွေနဲ့ ရဲသတင်းရင်းမြစ်တွေဆီကသိရပါတယ်။

– စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပျူစောထီး ကြီးစိုးရာ ကျေးရွာမှာရှိတဲ့ အကြမ်းဖက်အုပ်စုကို မနေ့ကနံနက်ပိုင်းက အလစ်ဝင်တိုက်ရာ သုံးဦး သေဆုံးသွား ခဲ့တယ်လို့ ဗိုလ်ကျားရိုင်း – ရွှေဘို(LPDF) အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

– မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ပိုင် Mytel တာဝါတိုင်ကို လက်နက်နဲ့ မိုင်းလုပ်ရန် ယမန်နေ့က ဖြိုလှဲချလိုက်တဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article