24.1 C
Yangon

၇၅ နှစ်မြောက် အာဇာနည်နေ့ အလေးပြုအခမ်းအနားတွင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဒေါ်အောင်ဆန်းစုကြည်ကို မမြင်တွေ့ရ

Must read

ရန်ကုန်၊ ဇူလိုင် ၁၉

ရန်ကုန်မြို့၊ အာဇာနည်ကုန်းတွင် ယနေ့ ကျင်းပသည့် ၇၅ နှစ်မြောက် အာဇာ နည်နေ့ အလေးပြုအခမ်းအနားသို့ ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်သည်ကို မမြင်တွေ့ရဘဲ စစ်ကောင်စီဘက်မှ အကြမ်း ဖက်စစ်ဒုစစ်ခေါင်းဆောင် စိုးဝင်းတက်ရောက်သည်ကို စစ်ကောင်စီဝါဒဖြန့် MRTV မှတစ်ဆင့် မြင်တွေ့ရသည်။

ယမန်နှစ် ၂၀၂၁ ခုနှစ် ၇၄ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို မမြင်တွေ့ခဲ့ရဘဲ ယမန် နှစ် အာဇာနည်နေ့ အခမ်း အနားတွင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က လုံး၀ ဖိတ်ကြားခဲ့ခြင်းမရှိဟု တပ်သတင်းရင်းမြစ်က ပြောသည်။

“မနှစ်ကတော့ အန်တီကို တပ်ဘက်က အာဇာနည်နေ့အခမ်းအနား တက်ဖို့ မဖိတ်ခဲ့ဘူး။ လူမြင်ကွင်းမှာ ပေါ်လာမှာကို မလိုလားလို့ ဖျောက်ထားခဲ့ပုံပဲ။ ဒီနှစ်တော့ သေသေချာချာ မသိပါဘူး။ ဖြစ်နိုင်တာကတော့ မနှစ်ကလိုပဲ အခမ်း အနားတက်ဖို့ကို မဖိတ်တာလို့ပဲထင်ပါတယ်။ လူထုထဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြန်ပေါ် ပြန်မြင်ရမှာကို တပ်ဘက်က မလိုလားဘူးလို့ထင်တယ်” ဟု တပ်သတင်းရင်းမြစ်က ပြောသည်။

ယခုနှစ် အာဇာနည်နေ့ အခမ်းအနားကို အကြမ်းဖက် မင်းအောင်လှိုင် မတက်ရောက်ဘဲ ဒုအကြမ်းဖက်စစ်ခေါင်းဆောင် စိုးဝင်း တက်ရောက်သည်ကို မြင်တွေ့ရသည်။

ဓာတ်ပုံ- ၇၀ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတက်ရောက်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်။

Photo- ကျိုဒို

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article