By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇူလိုင် ၁၉ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
– ရန်ကုန်မြို့၊ အာဇာနည်ကုန်းမှာ ဒီကနေ့ ကျင်းပတဲ့ ၇၅ နှစ်မြောက် ၊ အာဇာနည်နေ့ အလေးပြု အခမ်းအနားကို အာဇာနည် ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်တာကို မမြင်တွေ့ရဘဲ အကြမ်းဖက် စစ်ကောင်စီဘက်က အကြမ်းဖက် ဒုတိယ-စစ်ခေါင်းဆောင် စိုးဝင်း တက်ရောက်တာကို စစ်ကောင်စီဝါဒဖြန့် MRTV ကတစ်ဆင့် မြင်တွေ့ရပါတယ်။
– ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ကျန်စစ်သားလမ်းမကြီး၊ ရွှေလင်ပန်းတံတား အဆင်းမှာ ဇူလိုင်လ ၁၈ ရက်နေ့ ည ၁၁ နာရီအချိန်လောက်က စစ်ဆေးဖို့အတွက် မရပ်တန့်ဘဲ မောင်းနှင်သွားတဲ့ ဆိုင်ကယ်တစ်စီးကို အကြမ်းဖက် စစ်ကောင်စီတပ်က လိုက်လံပစ်ခတ်ရာမှာ ဆိုင်ကယ်ပေါ် လိုက်ပါလာသူ ကိုဝေယံ နဲ့ ကိုတိုးကြီးတို့ ၂ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
– စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ၊ ညောင်ပင်ဝန်း- ရဲကင်းစခန်းက အကြမ်းဖက် စစ်ကောင်စီရဲ့ ရဲတပ်သား စည်သူအောင်ဟာ ဇူလိုင်လ ၁၈ ရက်နေ့ မနက် ၇ နာရီခွဲလောက်က ပစ်ခတ်ရှင်းလင်း ခံရပြီး သေဆုံးသွားတဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။