33 C
Yangon

ဗိုလ်မှူးချုပ် နယ်ဒါးဘိုမြ ဦးဆောင်သော ကရင်ပြည်သူ့တပ်မတော် ဖွဲ့စည်း၊ Venom ကွန်မန်ဒို စစ်ကြောင်းပူးပေါင်းမည်ဖြစ်ကာ စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းမည်ဟုဆို

Must read

ရန်ကုန်၊ ဇူလိုင် ၁၉

ဗိုလ်မှူးချုပ် နယ်ဒါးမြ ဦးဆောင်သော KAWTHOOLEI ARMY (ကရင့်ပြည်သူ့တပ်မတော်)ကို ဖွဲ့စည်းတည်ထောင်ထားပြီး Venom အနေဖြင့် အဖွဲ့ဝင် စစ်ကြောင်းတစ်ခုအဖြစ် ပူးပေါင်းကာ စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းသွားမည်ဟု စောဝင်းမြင့် ဦးဆောင်သော Venom ကွန်မန်ဒိုစစ်ကြောင်းက ယနေ့ ဇူလိုင်လ ၁၉ ရက်တွင် သတင်းထုတ်ပြန်သည်။

KAWTHOOLEI ARMY ကို ဗိုလ်မှူးချုပ်နယ်ဒါးမြက ဦးဆောင်ကာ ဇူလိုင်လ ၁၇ ရက်နေ့တွင် ဖွဲ့စည်းလိုက်ပြီး Venom ကွန်မန်ဒိုစစ်ကြောင်းသည်လည်း ကရင်ပြည်သူ့တပ်မတော်၏ အဖွဲ့ဝင်စစ်ကြောင်းတခုအဖြစ် ရပ်တည်ပြီး စစ်ကောင်စီကို စွမ်းစွမ်းတမံ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် ကရင့်ပြည်သူ့တပ်မတော်ကို ထောက်ခံကြိုဆိုပေးပါရန် ယနေ့တရားဝင် ထုတ်ပြန်လိုက်သည်။

KAWTHOOLEI ARMY သည် တော်လှန်ရေးအောင်မြင်သည်အထိ စစ်ကောင် စီကို အမြစ်ပြတ်ချေမှုန်းသွားမည်ဖြစ်ကြောင်း၊ ပြည်သူများနှင့်အတူ တစ်သား တည်းရပ်တည်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဗိုလ်မှူးချုပ် နယ်ဒါးဘိုမြနှင့်အတူ ဗိုလ်စလုံး၊ ဗိုလ်စောဝင်းမြင့် တို့ကို တွေ့ရစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article