By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇူလိုင် ၂၀ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-ရိက္ခာတွေ၊ လက်နက်တွေ တင်ဆောင်ကာ ချင်းတွင်းမြစ်ကြောင်း အထက်ပိုင်းကို ဆန်တက်လာတဲ့ အကြမ်း ဖက်စစ်ကောင်စီရေယာဉ်အုပ်စုကို ဒေသတွင်း PDF တွေစောင့်ကြို တိုက်ခိုက်နေရာ ကမ်းပြို တိုက်ပွဲအတွင်း ထိ့ခိုက်ပျက်စီးသွားတဲ့စစ်ကောင်စီရေယာဥ်တစ်စီးပေါ်က မျောပါလာတဲ့ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင် ပစ္စည်းများစွာကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဗိုလ်နုတ်ခမ်းမွှေးနဲ့ ရဲဘော်များKPDFက သတင်းထုတ် ပြန်ပါတယ်။
– ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် (CNF/CNA) ပါဝင်တဲ့ချင်းလက်နက်ကိုင် ပူးပေါင်းတပ် ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ ဇူလိုင် ၆ရက်ကစပြီး ချင်းပြည်နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်းတို့မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က ၇၀ ခန့် သေဆုံးပြီး ထိခိုက်မှုများခဲ့တယ်လို့ CNFက သတင်း ထုတ်ပြန်ပါတယ်။
– စစ်ကိုင်းတိုင်း၊ မန္တလေး- မုံရွာလမ်းမှာ စစ်ကား ၁၄ စီးပါယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ ၁၀ ဦး သေဆုံးသွား တယ်လို့ သိရပါတယ်။
– စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် မုံရွာစီးပွားရေးတက္ကသိုလ်ကျောင်းဝန်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တွေကို ဇူလိုင်လ ၁၉ ရက်နေ့က အနောက်မြောက်တိုင်း မဟာမိတ်PDFတပ်ပေါင်းစုက တိုက်ခိုက်ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ ဦး သေဆုံးသွားတဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။