31 C
Yangon

မတူပီမြို့နယ်နှင့် ဟားခါး-ကလေး လမ်းပိုင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ချင်းပူးပေါင်းတပ်ဖွဲ့ကြား ၁၀ ရက်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၆၇ ဦးထက်မနည်း သေဆုံး၊ ချင်းရဲဘော် ၂ ဦး ကျဆုံး

Must read

ရန်ကုန်၊ ဇူလိုင် ၂၀

ချင်းပြည်နယ်၊ မတူပီမြို့နယ်နှင့် ဟားခါး-ကလေး ကားလမ်းတလျှောက် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ်နှင့် ချင်းပူးပေါင်းတပ်ဖွဲ့ကြား ဇွန်လ ၇ ရက်မှ ၁၆ ရက်နေ့အထိ အကြမ်းဖက်စစ်တပ်နှင့် ချင်းပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲများဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၆၇ ဦးထက်မနည်းသေဆုံးခဲ့ပြီး ချင်းကာကွယ်ရေးရဲဘော် ၂ ဦး ကျဆုံးကြောင်း ချင်းအမျိုးသားတပ်ဦး CNF က သတင်းထုတ်ပြန်သည်။

ဇူလိုင်လ ၇ ရက်နေ့တွင် မတူပီမြို့နယ်၊ Amlaik ကျေးရွာ၌ အကြမ်းဖက်စစ်တပ်နှင့် CNA၊ CDF မတူပီ၊ CDF Zotung ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၂ ဦးထက်မနည်းသေဆုံးကာ ၆ ဦး ဒဏ်ရာရကြောင်း၊ ဇူလိုင်လ ၆ ရက်နေ့တွင် CDF မတူပီနှင့် စစ်ကောင်စီတပ်ဖွဲ့ကြား Rengkhen နှင့် Amlaik ကျေးရွာကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၅ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဇူလိုင်လ ၁၃ ရက်နေ့တွင် ဟားခါးမြို့တွင်းရှိ စစ်ကောင်စီဂိတ်နှင့် ခရိုင်ရဲစခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က အကျအဆုံးများနိုင်သည်ဟု ခန့်မှန်းကြောင်း CNF က ဆိုသည်။

ဇူလိုင်လ ၈ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကလေး-ဟားခါး ကားလမ်းတွင် အကြမ်းဖက်စစ်တပ်နှင့် ချင်းပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲ ၈ ကြိမ်ထက်မနည်းဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၆၀ ဦးထက်မနည်းသေဆုံးကြောင်း၊ တိုက်ခိုက်မှုကို CNA၊ CJDC အထူးတပ်ဖွဲ့၊ CDF ထန်တလန်၊ CDF ဟားခါး၊ CNDF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်သည် ကလေးမြို့မှတဆင့် ဖလမ်း-ဟားခါး ကားလမ်းအတိုင်း စစ်ကား ၂၇ စီး၊ ခန့်မှန်းအင်အား ၂၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်ကာ ကြားဖြတ်တိုက်ခိုက်ခံရမှုကြောင့် ဗလုံကျေးရွာရှိ ပြည်သူ ၁ ဦးကို သတ်ဖြတ်ခဲ့သည့်အပြင် မီးရှို့ဖျက်ဆီးမှုများကြောင့် Taal ကျေးရွာမှ နေအိမ် ၂၉ လုံး၊ Tlangzar ကျေးရွာမှ နေအိမ် ၆ လုံး၊ Chuncung ကျေးရွာမှ နေအိမ် ၁၅ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး CNF/CNA က သတင်းထုတ်ပြန်သည်။

ဓါတ်ပုံ – CNA/CNF ၏ သင်တန်းတခု (ပုံအဟောင်းဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article