ရန်ကုန်၊ ဇူလိုင် ၂၀
ပြင်သစ်ရေနံကုမ္ပဏီ Total Energies ယနေ့ မြန်မာနိုင်ငံမှ တရားဝင် ထွက်ခွာပြီဖြစ်ပြီး လုပ်ငန်းများနှင့်ဝန်ထမ်းများကို ထိုင်း PTTEP က လွှဲပြောင်းရယူလိုက် ကြောင်း ရေနံကုမ္ပဏီက တရားဝင် အတည်ပြု ထုတ်ပြန်သည်။
ယနေ့ ဇူလိုင်လ ၂၀ ရက်နေ့တွင် Total ကုမ္ပဏီက မြန်မာနိုင်ငံမှ နုတ်ထွက်ကြောင်း အတည်ပြုခဲ့ပြီး စစ်တပ်၏ နိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် ရှုတ်ချကြောင်း ထပ်မံ ပြောဆိုသည်။
မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး အခြေအနေများ ဆက်တိုက်ယိုယွင်းနေသည့် အတွက် Total Energies က မြန်မာနိုင်ငံမှ ထွက်ခွာမည်ဖြစ်ကြောင်း ယခုနှစ် ဇန်နဝါရီလတွင် တရားဝင် ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ယနေ့ ဇူလိုင်လ ၂၀ ရက်နေ့တွင် လုပ်ငန်းအားလုံး လွှဲပြောင်းထွက်ခွာသွားခြင်းဖြစ်သည်။
ဓာတ်ပုံ- ယမန်နှစ် ပြင်သစ်တွင် Total ကုမ္ပဏီ၏ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ် နှံမှုများ ရုပ်သိမ်းရေး ဆန္ဒပြပွဲမြင်ကွင်း။
Photo- Reuters