27 C
Yangon

တောင်ငူခရိုင်တွင် KNLA နှင့် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်တပ်က သံတောင်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်၊ ရွာသား ၂,၆၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

Must read

ရန်ကုန်၊ ဇူလိုင် ၂၀

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၂ နယ်မြေ၊ တောင်ငူခရိုင်၊ ဒေါ်ဖခိုမြို့နယ် (သံတောင်ကြီးမြို့နယ်)၊ တာပူဒေသအတွင်းရှိ ရွာပေါင်း ၉ ရွာမှ ဒေသခံပြည်သူ ၂,၆၀၀ ကျော် သည် တပူကရူ၊ ထီးဒေးကရူ၊ ရှမ်းလယ်ပြင်ကရူ ဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း KNU က သတင်းထုတ်ပြန်သည်။

တာပူဒေသ မင်းလမ်းတောင်ရွာ၊ ဆင်အံတောင်ရွာ၊ မိအိကြီးရွာ၊ မိအိကြီးရွာသစ်ကုန်းစုစည်းရွာ၊ ကျွဲကျထက်/အောက်ရွာ၊ ဘောဓိကုန်းရွာ၊ လယ်သာရွာ၊ ဂွေးသဲရွာ၊ ဖြတ်လမ်းဆုံရွာများ အနီးဝန်းကျင်တွင် အကြမ်းဖက်စစ်တပ်နှင့် KNLA ကြား ဇူလိုင်လ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်၏ ခလရ ၈၅ နှင့် ခမရ ၃၀၇ တပ်ဖွဲ့များသည် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည်ဟု KNU က ဆိုသည်။

မိအိကြီးရွာ၊ စုစည်းရွာ၊ ဘောဓိကုန်းရွာ၊ မိအိကြီးရွာသစ်ကုန်း စသည့် ရွာမျာကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးလိုက်ကြောင်းနှင့် တိမ်းရှောင်နေသော စစ်ရှောင်ပြည်သူများသည် မိုးတွင်းကာလတွင် နေရာထိုင်ခင်း၊ ရိက္ခာ အခက်အခဲများ ကြုံတွေ့နေရကြောင်း ကရင်အမျိုးသားအစည်းအရုံးက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article