27 C
Yangon

“အကြမ်းဖက် စစ်အုပ်စုကို ဒဏ်ခတ်အရေးယူမှုတွေ ထပ်ပြီးချမှတ်ဖို့ အီးယူကို တောင်းဆိုတဲ့ လှုပ်ရှားမှုမှာ ပြည်သူများ ပါဝင်နိုင်

Must read

ရန်ကုန်၊ ဇူလိုင် ၂၀

မြန်မာစစ်တပ်ကို လက်နက်နဲ့ ၀င်ငွေတွေ စီးဆင်းနေမှုများကို ဖြတ်တောက်ဖို့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ (EU) ထံ တောင်းဆိုတဲ့ လှုပ်ရှားမှုတခုကို မြန်မာ့အရေး တက်ကြွလှုပ်ရှားနေသူများက လုပ်ဆောင်နေကြပါတယ်။

Burma Campaign (UK) အဖွဲ့က ဦးဆောင်လှုပ်ရှားနေတဲ့ “အကြမ်းဖက် စစ်အုပ်စုအပေါ် ဒဏ်ခတ်အရေးယူမှုတွေ ထပ်မံချမှတ်ဖို့ အီးယူကို သင်ကိုယ်တိုင် ပြောပါ” ဆိုတဲ့ ဒီလှုပ်ရှားမှုကို ပြည်သူများ ပါဝင်ကြဖို့အတွက်လည်း နှိုးဆော်နေကြပါတယ်။

အဆိုပါလှုပ်ရှားမှုကို ဦးဆောင်သူတွေက ပြောကြားရာမှာတော့ အီးယူဟာ မြန်မာစစ်တပ်ကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့ပေမဲ့၊ ဒီထက်ပိုပြီး ပိတ်ဆို့အရေးယူဖို့ လိုတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် အီးယူအနေနဲ့ ရုရှရဲ့ ယူကရိန်း ကျူးကျော်စစ်ကို ချက်ချင်းတုန့်ပြန်ပြီး ရုရှအပေါ် အရေးယူမှုတွေကို မြန်မြန်ဆန်ဆန် ချမှတ်မှုနဲ့ နှိုင်းယှဥ်ပြီး၊ မြန်မာစစ်တပ်ကိုလည်း ဒီထပ်ပိုပြီး မြန်မြန်ဆန်ဆန်နဲ့ အရေးယူဖို့ တောင်းဆိုနေကြတာပါ။

မြန်မာစစ်တပ်ဟာ ရရှိတဲ့ဝင်ငွေတွေ အထူးသဖြင့် သဘာဝဓတ်ငွေ့ ရောင်းချငွေတွေနဲ့ နိုင်ငံရပ်ခြားက လက်နက်ခဲယမ်းများကို ဝယ်ယူနေတာဖြစ်ပြီး၊ စစ်တပ်ရဲ့ လေကြောင်းမှ မဆင်မခြင် ဗုံးကြဲမှုတွေအပါအဝင် အရပ်သားတွေအပေါ် ပစ်မှတ်ထား အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် လူပေါင်း သိန်းနဲံချီပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ်ရဲ့ လက်နက်ဝယ်ယူမှုတွေကို ရပ်တန့်နိုင်ဖို့အတွက် စစ်တပ်ကို လက်နက်ဝယ်ယူပေးနေတဲ့ မြန်မာနဲ့ နိုင်ငံတကာက လက်နက်ပွဲစားတွေရဲ့အကြောင်းကို Justice for Myanmar အဖွဲ့က စုံစမ်းဖော်ထုတ်နေပေမဲ့ အီးယူက ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခြင်း မရှိသေးဘူးလို့လည်း ဆိုပါတယ်။

“အီးယူဟာ စီးပွားရေးအရ စူပါပါဝါဖြစ်ပေမယ့် မြန်မာစစ်တပ်ကို ဒဏ်ခတ်အရေးယူတဲ့နေရာမှာတော့ ဟောင်းနွမ်းစုတ်ပျက်နေတဲ့ ကုန်တင်သင်္ဘောတစ်စီးကြီးရဲ့ အရှိန်နဲ့ ရွေ့နေသလိုမျိုး ဖြစ်နေတယ်”လို့ အမှုဆောင်ဒါရိုက်တာ Anna Roberts က ပြောပါတယ်။

“အခုအချိန်မှာတော့ အီးယူအနေနဲ့ တိုက်လေယာဥ်ဆီအပါအဝင် စစ်တပ်ရဲ့ ၀င်ငွေ၊ စစ်လက်နက်ဝယ်ယူမှုတွေကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှု အသစ်တွေကို အမြန်ဆုံး ချမှတ်လုပ်ဆောင်ရပါမယ်” လို့လည်း သူက ဆက်လက်ပြောခဲ့ပါတယ်။”

အီးယူက မြန်မာစစ်တပ်အတွက် ၀င်ငွေရင်းမြစ်တွေနဲ့ လက်နက်ပွဲစားတွေအပေါ် ပိတ်ဆို့အရေးယူဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်ချင်တဲ့ ပြည်သူများအနေနဲ့ အောက်ဖော်ပြပါ လင့်မှာ ဝင်ရောက်ပြီး အီးမေးလ်ပေးပို့ ပါဝင်တောင်းဆိုနိုင်ပါတယ်။

📨 အီးယူအဖွဲ့ဝင်နိုင်ငံတွေကို အခုဘဲ အီးမေးလ်ပို့ပါ။ 👉🏽https://bit.ly/3PDbSVI

( လင့်မှာ ဝင်ရောက်ပြီး ပါဝင်ပုံအဆင့်ဆင့်ကို အောက်ပါပုံများမှာ အသေးစိတ်ဖော်ပြထားပါတယ်။ 👇🏽 )

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article