27 C
Yangon

ခင်ဦးနှင့် ကန့်ဘလူရှိ ကျေးရွာများကို စစ်တပ်က စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ပြီး မီးရှို့ဖျက်ဆီး၊ ပြည်သူ ၁၄ ဦးထက်မနည်း ဖမ်းဆီးဖြတ်ခံရ

Must read

ရန်ကုန်၊ ဇူလိုင် ၂၁

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်နှင့်ကန့်ဘလူမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ဇူလိုင်လ ၁၈ ရက်နေ့တွင် ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးခဲ့ကာ ဒေသခံပြည်သူ ၁၄ ဦးထက်မနည်း ဖမ်းဆီး သတ် ဖြတ်ခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ကန့်ဘလူတွင် ကျီစုရွာကို စစ် ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ပြီး ပြည်သူ ၁ဝဦး ထက်မနည်း ဖမ်းဆီး သတ်ဖြတ်

===========================================

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင် အစ္စလာမ်ဘာသာဝင်များ အများစု နေ ထိုင် သော ကျီစုရွာကို အကြမ်းဖက် စစ်တပ် ဇူလိုင်လ ၁၈ ရက်နေ့တွင် ရဟတ် ယာဉ် ၂ စီးဖြင့် ပစ်ခတ်ပြီး ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ကာ ပြည်သူ ၁ဝ ဦးထက်မနည်း ဖမ်းဆီး သတ်ဖြတ်ခဲ့ပြီး ပျောက်ဆုံးနေသူများလည်းရှိကာ ဖမ်းဆီးခံရသူများလည်းရှိကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် ဖမ်းဆီး သတ်ဖြတ်ခဲ့သော ပြည်သူများ၏ ရုပ်အလောင်း အများစု မီးရှို့ ဖျက်ဆီး ခံထားရသောကြောင့် မည်သူမည်ဝါဖြစ်သည်ကို အ တည် မပြုနိုင်သေးဘဲ ဘုန်ကြီးကျောင်းဝန်း အတွင်းတွင်လည်း စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ထားသော ရုပ်အလောင်းများကို တွေ့ရှိခဲ့ကြောင်းသိရသည်။

ဇူလိုင်လ ၁၈ ရက်နေ့တွင် စစ်တပ် ရဟတ်ယာဉ် ၂ စီးဖြင့် ကျေးရွာထဲကို ပစ် ခတ်ခဲ့ပြီး ရဟတ်ယာဉ် ၂ စီးဖြင့် စစ်သားများ ချထားကာ ရွာကို ဝင်စီးကြောင်း၊ ဇူလိုင်လ ၁၈ ရက်နှင့် ၁၉ ရက်နေ့တို့တွင် ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ပြည်သူ တစ်ချို့ပျောက်ဆုံးနေကာ စစ်တပ်က ဖမ်းဆီးသွားသူများလည်း ရှိကြောင်းသိရသည်။

စစ်တပ်က ဖမ်းဆီးသွားသော ကျီစုရွာ ပြည်သူများကို ကား ၂ စီးဖြင့် ဇူလိုင်လ ၁၈ ရက်နေ့တွင် စစ်တပ် ဇီးကုန်းမြို့အရှေ့ဘက်ရှိ MEC သကြားစက်ထဲသို့ ဖမ်း ဆီးခေါ်ဆောင်သွားကြောင်း၊ ဖမ်းဆီးခံရသူများတွင် သက်ကြီးရွယ် ကြီးရင့်သူများ နှင့် ကလေးသူငယ်များ အများစုပါဝင်ကြောင်းသိရသည်။

ကျီစုရွာ တောင်ပိုင်းသည် အစ္စလာမ်ဘာသာဝင်အများစုနေထိုင်ပြီး ရွာမြောက်ပိုင်းသည် ဗုဒ္ဓဘာသာဝင်များ နေထိုင်ကြောင်း၊ အကြမ်းဖက် စစ်တပ်က ကျီစုရွာ တောင်ပိုင်းရှိ အစ္စလာမ်ဘာသာဝင် အများစု နေထိုင်နေသော နေအိမ် ၅ဝဝ ကျော်ခန့်နှင့် ဘာသာရေးဆိုင်ရာ စာသင်ကျောင်းများကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဗလီ ၂ လုံးကိုလည်း စစ်တပ် သေနတ်များဖြင့် ပစ်ခတ်ကာ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

စစ်တပ်က ရွာတောင်ပိုင်းရှိ အစ္စလာလ်ဘာသာဝင်များ နေထိုင်သော နေအိမ် ၁ဝ လုံးကို ဇူလိုင်လ ၁၈ ရက်နေ့တွင် စတင်မီးရှို့ဖျက်ဆီးခဲ့ပြီး ကျန်ရှိနေသော နေအိမ်များမှ ပြည်သူပိုင် ပစ္စည်းများကို ရွာလုံးကျွတ်နီးပါ ခိုးယူလုယက်ကာ ဇူလိုင်လ ၁၉ ရက်နေ့မှ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ကန့်ဘလူနှင့် ခင်ဦးမြို့နယ် အစပ်ရှိ မုံလှကျေးရွာကို စစ်တပ်က ဝင်ရောက် စီးနင်းခဲ့ပြီး ကက်သလစ် ဘုရားကျောင်းကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ခင်ဦး၊ ရှားတောကျေးရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီး၊ ကျေးရွာသား ၄ ဦးပျောက်ဆုံးနေ

===========================================

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ရှားတောကျေးရွာကို အကြမ်းဖက် စစ်တပ်က ဇူ လိုင်လ ၁၈ ရက်နေ့တွင် ရဟတ်ယာဉ် ၄ စီးဖြင့် ပစ်ခတ်ခဲ့ပြီး ရွာကို ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးခဲ့ကာ ကျေးရွာနေ ပြည်သူ ၄ ဦးပျောက်ဆုံးနေကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းတွင် အင်အား ၈ဝ ကျော်ခန့် ပါဝင်ပြီး လက် နက်ကြီး လက်နယ်ငယ်များဖြင့် ပစ်ခတ်ပြီးမှ ကျေးရွာကို ဝင်ရောက် စီနင်း မီးရှို့ခဲ့ခြင်း ဖြစ်ကာ ပြည်သူ ပိုင် နေအိမ် ၁ လုံးနှင့် တဲ ၂ လုံး မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရှားတောကျေးရွာအတွင်း ရက်ဆက်တိုက် ညအိပ် နေထိုင်ခဲ့ပြီး ယနေ့ ဇူလိုင် ၂၀ ရက်‌နေ့ နံနက် ပိုင်းတွင် ကျေးရွာအတွင်းမှာ ပြန်လည် ထွက်ခွက်သွားကြောင်း ဒေသခံများထံမှသိရသည်။

ခင်ဦး၊ ရှားတောရွာနှင့် အင်တိုင်းကြီးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ စစ်တပ် ဖမ်းဆီး သတ်ဖြတ်ထားသော ပြည်သူ ၁ ဦး၏ ရုပ်အလောင်း တွေ့ရှိ

===========================================

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ရှားတောရွာမှ ထွက်ခွာလာသော စစ်တပ် စစ်ကြောင်းသည် ဇူလိုင်လ ၂ဝ ရက်နေ့တွင် ရှင်မင်းဒွေရာနှင့် အင်တိုင်းကြီးကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကာ စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ထားသော ပြည်သူ ၂ ဦး ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

ရှားတောရွာမှ ထွက်ခွာလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဇူလိုင်လ ၂ဝ ရက်နေ့ နံနက်ပိုင်းတွင် ငါးရုံကြီးရွာကို ဖြတ်ပြီး ရှင်မင်းဒွေ ရွာ အရှေ့ခြမ်း ကွက်သစ်ရပ်ထဲမှ ပြည်သူပိုင် နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီးကာ ပြည်သူ ၁ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး ရုပ်အလောင်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

မွန်းလွဲပိုင်းတွင် အကြမ်းဖက် စစ်တပ်က တောတိုက်များအတွင်း ထွက်ပြေး တိမ်းရှောင်နေသော ပြည်သူ အများအပြားကို ဓားစာခံ အဖြစ် ဖမ်းဆီး ခေါ်ဆောင်ကာ အင်တိုင်းကြီးကျေးရွာအား လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ် ဝင်ရောက်ကာ အင်တိုင်းကြီးရွာကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်းသိရသည်။

ခင်ဦး သာဝတ္တိရွာကို စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခဲ့ပြီး ဖမ်းဆီးသတ်ဖြတ်ထားသည့် ပြည်သူ ၁ ဦး၏ ရုပ်အလောင်း တွေ့ရှိ

==========================================

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် သာဝတ္ထိ ကျေးရွာကို အကြမ်းဖက် စစ်တပ်က ဇူလိုင်လ ၁၈ ရက်နေ့တွင် ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ခဲ့ပြီး အကြမ်းဖက် စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ခဲ့သော ပြည်သူ ၁ ဦး၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ဒေသခံပြည်သူများ ထွံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article