ရန်ကုန်၊ ဇူလိုင် ၂၁
မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို တွေ့ဆုံဆွေးနွေးရေး အကောင်အထည်ဖော်ရန် အကြမ်းဖက် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်က ကြိုတင်သတ်မှတ်လိုက်သော အစိုးရကို မဖျက်ဆီးရန်၊ အစားမထိုးရန်နှင့် ၂၀၀၈ အခြေခံဥပဒေကို ငြိမ်းချမ်းရေး အခြေခံမူ အဖြစ် လက်ခံရေး ကြိုတင် ကန့်သတ် အဆိုပြုချက်များသည် ထင်သာမြင်သာတိုးတက်မှုများ ဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Mr Park Sokhonn က ပြောဆိုလိုက်သည်။
ဇူလိုင်လ ၂၁ ရက်နေ့ ISEAS-Yusof Ishak Institute က ဦးဆောင်ကျင်းပသည့် “မြန်မာ့အရေး အာဆီယံ၏ ကြိုးပမ်းမှုများ နောက်ဆုံးအခြေအနေ” အထူးဆွေးနွေးပွဲတွင် အာဆီယံ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Mr Park Sokhonn က ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးက နိုင်ငံရေးဆွေးနွေးမှုမှ အဖြေရှာရေး လမ်းကြောင်းသစ်ကို ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ယခင်က စစ်ကောင်စီအနေဖြင့် အကြမ်းဖက်ဟု သတ်မှတ်ထားသူများနှင့် မည်သည့် ဆွေးနွေးမှုမှ မလုပ်နိုင်ဟု ပြောဆိုခဲ့ကြောင်း၊ သို့ရာတွင် ယခုအခါ အစိုးရကို မဖျက်ဆီးရန်၊ အစားမထိုးရန်နှင့် ၂၀၀၈ အခြေခံဥပဒေကို ငြိမ်းချမ်းရေး အခြေခံမူအဖြစ် သတ်မှတ်ရန်ဆိုသော အချက်များကို သဘောတူလျှင် တွေ့ဆုံဆွေးနွေးနိုင်သည်ဟု ပြောဆိုလာခြင်းသည် တိုးတက်မှု ဟု ၎င်းက ဆိုသည်။
“ကျနော်အနေနဲ့ တစ်နှစ်အတွင်းမှာ ပထမဆုံးအနေနဲ့ စစ်ကောင်စီနဲ့ အကြမ်း ဖက် လို့ သတ်မှတ်ခံထားရသူတွေအကြားမှာ တွေ့ဆုံဆွေးနွေးမှု ဖြစ်နိုင်ဖို့ တံ ခါး ဖွင့်နိုင်ခဲ့ပါတယ်။ တံခါးကို တချို့သော အခြေအနေတွေ သတ်မှတ်ချက်တွေနဲ့ ဖွင့်နိုင်ခဲ့တာပါ။ တွေ့ဆုံဆွေးနွေးမှု ဖြစ်လာ မလား၊ ဖြစ်မလာဘူးလား ဆိုတာကို အချိန်က စကား ပြောပါလိမ့်မယ်။ အနည်းဆုံးတော့ ငြိမ်းချမ်းရေး ဆွေးနွေးရေးပွဲကို ဝင်နိုင်ဖို့ တံခါးတော့ပွင့်သွားပြီ။ ဒီဆွေးနွေးမှုတွေကို မြန်မာတွေကပဲ ဦးဆောင်ပြီး မြန်မာ တွေကပဲ ပိုင်ဆိုင်တဲ့ ဖြစ်စဉ် ဖြစ်ပါတယ် ” ဟု ကမ္ဘောဒီးယားနိုင်ငံ ခြားရေးဝန်ကြီး Mr Park Sokhonn က ပြောဆိုသည်။
ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ ဩဇာကို အသုံး ပြု၍ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများကို အဆုံးသတ်ရန် ကြိုးစားလိုကြောင်း ထုတ်ဖော်ပြောဆိုပြီး NUG နှင့် တွေ့ဆုံဆွေးနွေးရန် ရှိ၊ မရှိကိုမူ တရား ဝင် ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ နှုတ်ဆိတ်လျက်ရှိကြောင်း စင်ကာပူ CNA သတင်းဌာနက သတင်းဖော်ပြထားသည်။
ဓာတ်ပုံ- မကြာသေးမီက ရုရှားသွားရောက်ခဲ့သော အကြမ်းဖက် မင်းအောင် လှိုင်။