By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇူလိုင် ၂၁ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို တွေ့ဆုံဆွေးနွေးရေး အကောင်အထည်ဖော်ဖို့ အကြမ်းဖက် မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က ကြိုတင်သတ်မှတ် အဆိုပြုချက်တွေဟာ တွေ့ဆုံဆွေးနွေးရေး တိုးတက်မှုတွေလို့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြား ရေးဝန်ကြီး ‘’ ပရက်ဆော့ခွန်း’’က ပြောဆိုလိုက်ပါတယ်။
– ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ် ၊ ၂၂ ရပ်ကွက် ၊ ရထားသံလမ်း-ကျူးဘေးမှာ ဇူလိုင်လ ၆ ရက်နေ့က အသက် ၂၆ နှစ်အရွယ် ကိုအောင်မြင့်ထွေးကို ၂၂ ရပ်ကွက် ရာအိမ်မှူး ခင်မောင်သန်း ဖြစ်သူက လမ်းထိပ်မှာ ကြိုတင်စောင့်ပြီး ရိုက်နှက် သတ်ဖြတ်လိုက်တယ်လို့ သေဆုံးသူ ကိုအောင်မြင့်ထွေးရဲ့ မိတ်ဆွေတွေက ပြောပါတယ်။
-စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကျီစုရွာမှာ စစ်တပ်က ဝင်ရောက်စီးနင်းပြီးနောက်မီးရှို့ ညှဉ်းပန်းနှိပ် စက်သတ် ဖြတ်သွားတဲ့ အလောင်း ၂၀ ထက်မနည်း တွေ့ရှိခဲ့ရပါတယ်။
– မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ထီးလင်းမြို့နယ်၊ ဆောမြို့နယ် နဲ့ ကျောက်ထုမြို့ နယ်တို့မှာ ဇူလိုင်လ ၁၉ ရက်နေ့က စပြီး ၊ အကြမ်းဖက် စစ်ကောင်စီတပ်က ဖုန်းလိုင်းတွေ ဖြတ်တောက်ပြီးတော့ ၊ လေကြောင်း တိုက်ခိုက်နေတဲ့အပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာတွေကို ဦးတည် ပစ်ခတ်နေတဲ့သတင်းအပါ အဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။