29 C
Yangon

Khit Thit သတင်းဌာန၏ ဇူလိုင် ၂၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

 By ရန်ကုန်ခေတ်သစ် 

ဒီကနေ့ ဇူလိုင် ၂၂ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့

-ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၊ မိုးကောင်းလမ်းမှာရှိတဲ့ ယခင် စစ်တပ်မှတ်တမ်းရုံးကို အသွင်ပြောင်း ထား တဲ့ စစ်တပ်ပိုင် မြ၀တီ-မီဒီယာစင်တာ နဲ့ မိုးကောင်းရတနာဆေးရုံကို ဇူလိုင်လ ၂၁ ရက်နေ့ ည ၁၀ နာရီ ဝန်းကျင်လောက်မှာ ရှော့တိုက်ဒုံး နဲ့ အပစ်ခတ်ခံရတယ်လို့ စစ်ကောင်စီ ဘက်တော်သား သတင်းဌာန တချို့က သတင်းဖော်ပြကြပါတယ်။

– စစ်ကိုင်းတိုင်း ၊ ရေဦးမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်က ဇူလိုင်လ ၈ ရက်နေ့ကနေ ၁၄ ရက်နေ့ အထိ ၆ ရက်တာကာလအတွင်း ပြည်သူ ၁၀ ဦးကို မီးရှို့သတ်ဖြတ်သွားပြီး ၊ နေအိမ် ၁၂၅ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေ နဲ့(ရေဦး) ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီကနေ သိရပါတယ်။

– စစ်ကိုင်းတိုင်း ၊ယင်းမာပင်မြို့နယ်၊ ဘွန့်ဘွေးရွာ -အနောက် မြောက်ဘက် ၊ ကံစု-တောပြင်မှာရှိတဲ့ ပြည်သူပိုင် နေအိမ်တွေကို အကြမ်းဖက် စစ်ကောင်စီတပ်က ဇူလိုင်လ ၂၁ ရက်နေ့ မွန်းလွဲပိုင်းမှာ မီးရှို့ ဖျက်ဆီးနေတဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article