ရန်ကုန်၊ ဇူလိုင် ၂၂
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်တွင် မီတာမဆောင်သော အိမ်များထံမှ လျှပ် စစ်မီတာများ လာဖြုတ်သည့် ကား ၂ ကြိမ် မိုင်းခွဲခံရပြီး EPC ဝန်ထမ်း၏ အမျိုး သားလိင်အင်္ဂါ မိုင်းစထိမှန်ကာ ဖွာထွက်သွားကြောင်း ၊ လုံခြုံရေးလိုက်ပါသူ စစ်သား ၁ ဦးလည်း လက် မိုင်းစထိမှန်ကာ လမ်းသွားလမ်းလာ ဘုန်းကြီးတစ်ပါး လည်း ထိခိုက်သွားကြောင်း သိရှိရသည်။
ဇူလိုင်လ ၂၂ ရက်နေ့ နံနက် ၈ နာရီ ၅၅ မိနစ်အချိန် ပုသိမ်ကြီးမြို့နယ်၊ ကန်လယ်လမ်းပေါ် ဦးလှထွန်းကင်ဆာဖောင်ဒေးရှင်းအနီး လျှပ်စစ်မီတာလိုက်လံဖြုတ်နေသည့်ကားကို မိုင်းခွဲခြင်းဖြစ်ကြောင်း၊ ယင်းနောက် ဒုတိယအကြိမ် အဖြစ် ၁၅ မိနစ်အကြား နံနက် ၉ နာရီ ၁၅ မိနစ်တွင် ထပ်မံ မိုင်းပေါက်ပြီး EPC ဝန်ထမ်း၊ ဘုန်းကြီးနှင့်စစ်သားတို့ မိုင်းစထိမှန်ခြင်းဖြစ်ကြောင်း သိရှိရသည်။
“EPC ဝန်ထမ်းက လိင်အင်္ဂါကို မိုင်းစထိမှန်တယ်။ ဖွာထွက်သွားတယ်လို့ ပြောတယ်။ ကျောကိုလည်း ထိတယ်။ စစ်သားကတော့ လက်ဖဝါးနဲ့ လက်ချောင်းလေးတွေကို ထိတယ်။ ဘုန်းကြီးကတော့ ခေါင်းနဲ့ လက်တွေထိတယ်။ မစိုးရိမ်ရဘူး” ဟု သတင်းရင်းမြစ်တစ်ခုက ပြောသည်။
ပေါက်ကွဲမှုဖြစ်ပွားစဉ် စစ်တပ်က သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး လမ်းများ ပိတ်ဆို့ စစ်ဆေးခြင်း၊ မသင်္ကာသူများကို လိုက်လံ စစ်ဆေးခြင်းများ လုပ်ဆောင်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- လျှပ်စစ်မီတာခ ကောက်ခံခြင်း၊ မီတာလိုက်ဖြုတ်ရာတွင် အသုံးပြုသည့် ဝန်ကြီးဌာန ကားတစ်စီး။ (ပုံအဟောင်းဖြစ်သည်)