ရန်ကုန်၊ ဇူလိုင် ၂၂
ကရင်ပြည်နယ် သံတောင်မြို့နယ်တွင် NUG အစိုးရ ပညာရေး ဝန်ကြီးဌာန ညွှန်ကြားမှုဖြင့် ဖွင့်လှစ်ထားသော စာသင်ကျောင်းများတွင် စာရေးကိရိယာ၊ စာအုပ်စာတမ်းများနှင့် အသုံးဆောင် ပစ္စည်းများ လိုအပ်လျက်ရှိကြောင်း သင်ကြားရေး ဆောင်ရွက်နေသော CDM ဆရာ၊ ဆရာမ များထံမှ သိရသည်။
သံတောင်မြို့နယ် အတွင်းရှိ ကျေးရွာ ၈ ရွာတွင် KG တန်းမှ စ၍ တက္ကသိုလ်ဝင်တန်းထိ ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူ ၄၀၀ ခန့်ရှိပြီး NUG အစိုးရ ပညာရေး ဝန်ကြီးဌာန ညွှန်ကြားမှုများဖြင့် CDM ဆရာ၊ ဆရာမများက ဦးဆောင်ကာ စာသင်ကျောင်းများ ဖွင့်လှစ်ထားပြီး ပညာသင်ကြားနေခြင်းဖြစ် ကြောင်း သိရသည်
” စာအုပ်စာတမ်း၊ စာရေး ကိရိယာနဲ့ အဆောက်အဦး ဆောက်လုပ်ဖို့ ရွက်ဖျဥ်တဲ ပေ ၂၀ ပတ်လည် မိုးကာတွေ လိုအပ်နေတယ်။ သံတောင်မြောက်ပိုင်း (အထူး ဒေသ) နယ်မြေ အတွင်းမှာရှိတဲ့ ရွာ ၈ ရွာမှာ NUG ပညာရေး ဝန်ကြီးဌာန ညွှန်ကြားမှုနဲ့ ဖွင့်လှစ်ထားတဲ့ ကျောင်း ၈ ကျောင်းရှိတယ်။ KG တန်းကနေ တက္ကသိုလ် ဝင်တန်းထိ ပညာသင်ကြားနေတဲ့ ကျောင်းသား ၄၀၀ လောက်ရှိတယ်။ ပညာ သင်ကြား ပေးနေတာကတော့ CDM ဆရာ၊ ဆရာမတွေပါပဲ” CDM ကျောင်းဆရာ တစ်ဦးက ပြောဆိုသည်။