27 C
Yangon

စစ်သား ၁၅ ဦး သေဆုံးခဲ့သော ကင်မွန်းခြံကျေးရွာ တိုက်ပွဲ စစ်ကူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ကို ပြည်သူများက ကြိုဆို

Must read

ရန်ကုန်၊ ဇူလိုင် ၂၃

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ဇူလိုင်လ ၁၈ ရက်နေ့မှ စတင်၍ စစ်ကြောင်းထိုးလာမှုကို ပြည်သူ့ကာကွယ်ရေးတပ်များက စု ပေါင်း ခုခံတိုက်ခိုက်ခဲ့ပြီးနောက် စစ်သား ၁၅ ဦးထက်မနည်းသေဆုံးကာ စစ် တပ် ပြန်လည် ဆုတ်ခွာသွားကြောင်း PDF ကလေးက သတင်းထုတ် ပြန်သည်။

ဇူလိုင်လ ၁၈ ရက်နေ့မှ စတင်၍ အင်အား ၁၀၀ ခန့်ဖြင့် စစ်တပ်က ကလေး-ကလေးဝအကြား ကျောက္ကာကျေးရွာမှတဆင့် မြစ်သာမြစ်ကိုကူးဖြတ်ကာ အရှေ့ဘက်တောင်ကြောများအတိုင်း တောင်ဘက်သို့ ဦးတည်စစ်ကြောင်းထိုးလာခဲ့ကြောင်း၊ ယမန်နေ့ ဇူလိုင်လ ၂၁ ရက် နံနက် ၈ နာရီအချိန်ခန့်မှ စတင်၍ ကင်မွန်းခြုံရွာ၏အရှေ့ဘက် ဘုရားတောင်ကုန်းအနီးတွင် PDF (Kalay) တပ် ရင်း (၁) ၊ (၂) ၊ (၅) ၊ (၆) ၊ (၇) ၊ ပ.က.ဖ (ကလေး) ၊ CNDF – Vakok ၊ CDF – KKG နှင့် RKDF ပူးပေါင်းတပ်ဖွဲများက အသင့်စောင့်ဆိုင်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တစ်နေ့တာလုံး တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကင်မွန်းခြုံကျေးရွာတိုက်ပွဲတွင် စစ်ကူအဖြစ် ပါဝင်တိုက်ခိုက်ခဲ့သော ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ကို ယနေ့တွင် ပြည်သူများက အားပါး တရ ကြိုဆိုဂုဏ်ပြုကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article