25 C
Yangon

မန္တလေး၊ မောသစ်ရွှေဆိုင် ဓားပြတိုက်မှု စစ်တပ်ဘက်တော်သား ပျူစောထီးများ ဖြစ်နိုင်ဟု ဒေသခံများပြော၊ နွားထိုးကြီးတွင်လည်း ရွှေဆိုင်တစ်ခု ဓားပြတိုက်ခံရ

Must read

ရန်ကုန်၊ ဇူလိုင် ၂၄

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (စ)လုံးစျေး ၅၈ လမ်း၊ မောသစ်ရွှေဆိုင်တွင် ယနေ့ မွန်းလွဲ ၁ နာရီ ၁၄ မိနစ်အချိန် ဓားပြတိုက်မှုတစ်ရပ်ဖြစ်ပွားပြီး ငွေကျပ် သိန်း ၂၅၀၀ နီးပါး တန်ဖိုးရှိ ရွှေတပိဿာနှင့် ငွေကျပ် သိန်း ၆၀ ပါသွားကြောင်း ရဲသတင်းရင်းမြစ်နှင့်ဒေသခံများထံမှ သိရှိရသည်။

ဇူလိုင်လ ၂၄ ရက်နေ့ မွန်းလွဲ ၁နာရီ မိနစ်၁၄ ခန့်အချိန် ပြည်ကြီးတံခွန်မြို့နယ် ရတနာပုံမြို့သစ်၊ ၅၈ လမ်းx ၅၉ လမ်း၊ ၁၂၅ လမ်း ၊ (စ) လုံးစျေး မြောက်ဘက်ခြမ်းရှိ မောသစ်ရွှေဆိုင်ကို အမည်မသိ လက်နက်ကိုင်တချို့က လာရောက် ဓားပြတိုက်ပြီး ငွေကျပ် သိန်း ၂၅၀၀ ဝန်းကျင်တန်ဖိုးရှိ ရွှေတစ်ပိဿာနှင့် ငွေသား သိန်း ၆၀ ဝန်းကျင် ပါသွားခြင်းဖြစ်ကြောင်း၊ ပစ်ခတ်မှုကြောင့် ရွှေဆိုင်ဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိကြောင်း၊ အဆိုပါ ဓားပြတိုက်မှုသည် စစ်တပ် ဘက်တော်သား ပျူစောထီးများဖြစ်နိုင်ပြီး မလှမ်းမကမ်းတွင် စစ်တပ်တပ်ဖွဲ့ဝင်တချို့က ဆိုင်ကယ်နှင့်ကားများကို စစ်ဆေးနေချိန်ဖြစ်ကြောင်း သိရှိရသည်။

“ဓားပြ တိုက်ပြီးပြီးချင်း စစ်ကားတွေ ရောက်လာတယ်။ မလှမ်းမကမ်းမှာလည်း စစ်တပ်က ယာဉ်စစ်ဆေးတာတွေ လုပ်နေတာ။ အဲဒါကို မဖမ်းမိဘူးဆိုတော့ သူတို့နားကပဲ ဖြတ်သွားတာ။ သေနတ်သံလည်း သူတို့ကြားတယ်။ ဒေသခံတွေကတော့ စစ်တပ်လူတွေပဲ၊ ပျူစောထီးတွေ ဓားပြတိုက်တာလို့ ထင်ကြတယ်။ ပြီးတော့ တိုက် သွားတာကလည်း အေးအေးဆေးဆေးကို တိုက်သွားတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

အလားတူ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ရွှေလွန်းနဒီ ရွှေဆိုင်ကို ယနေ့ နံနက် ၁၀ နာရီ ၅ မိနစ်အချိန် အမည်မသိ လူ ၂ ဦးက သေနတ်ဖောက် ဓားပြတိုက်သွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article