29 C
Yangon

ရန်ကုန်ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV ဌာနဝင်းကို လက် နက် ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

Must read

ရန်ကုန်၊ ဇူလိုင် ၂၅

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ် ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဌာနဝင်းကို လက်နက်ကြီးဖြင့် ယနေ့ နံနက်ပိုင်းတွင် ပစ်ခတ်တိုက်ခိုက်ကြောင်း YANGON-E UGမှ ရဲဘော်တစ်ဦးက ပြောသည်။

ယနေ့ ဇူလိုင်လ ၂၅ ရက်နေ့ နံနက် ၁၁ နာရီကျော်အချိန် MRTV ဝင်းအတွင်းသို့ ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း YANGON-E UG မှ ရဲဘော်တစ်ဦးက ပြောသည်။

“M79နဲ့ရော Hello နှစ်ခုရော ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ပြည်လမ်းက MRTVရုံးထဲကိုတော့ ဖောက်ခွဲခဲ့ပါတယ်” ဟု YANGON-E UG မှ ရဲဘော်တစ်ဦးက ဆိုသည်။

ရန်ကုန်ပြည်လမ်း MRTV ဘေးနားတွင် နေထိုင်သူတစ်ဦးကမူ ပေါက်ကွဲသံအကျယ်ကြီးကြားရသည်ဟု ပြောဆိုသည်။

“MRTV ရုပ်သံဌာနဝင်းအတွင်းမှာ အသံအကျယ်ကြီးတခုကြားရတယ်။အဲဒီအနားက ကားဖြတ်မောင်းရင်း ကြားရတာပါ” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။

လက်ရှိဒေသခံတချို့က ဆေးရုံကားသံများကြားနေရသည်ဟု ရန်ကုန်ခေတ် သစ် သတင်းဌာနထံ ပြောဆိုသည်။

“ဆေးရုံကားသံတွေတော့ ဆူညံနေပြီကြားရတယ်” ဟု ဒေသခံတစ်ဦးက ပြော သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article