ရန်ကုန်၊ ဇူလိုင် ၂၅
ပဲခူးတိုင်း၊ကျောက်ကြီးမြို့နယ် ကျွန်းပင်ဆိပ်ရွာကို အကြမ်းဖက် စစ်ကောင်စီတပ်များက ယမန်နေ့ ဇူလိုင်လ ၂၄ ရက်နေ့က ဝင်ရောက်ကာ ပြည်သူ့နေအိမ် ၃ လုံးနှင့် ကုန်ခြောက်ဆိုင်၊ ဈေးဆိုင်များကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောကြားသည်။
“ည ၁၁ နာရီ လူတွေအိပ်ချိန်မှ ဝင်လာတယ်။ နေအိမ် ၃ လုံး၊ ကုန်ခြောက်ဆိုင်၊ ဈေးဆိုင် ပစ္စည်းတွေ မီးရှို့ပစ်ကုန်တယ်။ ဘာမှ မကျန်တော့ဘူး” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
လက်ရှိအချိန်တွင် အကြမ်းဖက် စစ်ကောင်စီတပ်များ ရွာထဲမှ ပြန်ထွက်သွားသော်လည်း ရွာပြင်တွင် စစ်သားများ ရှိနေသေးကြောင်း၊ ရွာသားများမှာ ပြေးနေရဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။