By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇူလိုင် ၂၅ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရားစီရင်ဖို့ နဲ့ ပြေးစရာမြေ တစ်လက်မမှ မရှိစေ ရဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က မှတ်ချက်ပြု ရေးသား လိုက်ပါတယ်။
– ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီ၊ ကိုလှမျိုးအောင် နဲ့ ကိုအောင်သူရဇော်တို့ကို အကြမ်းဖက် စစ်ကောင်စီ တပ်က သေဒဏ် စီရင်လိုက်တာဟာ ပြည်သူကို စိန်ခေါ်လိုက်ခြင်းဖြစ်တယ်လို့ ရခိုင့်တပ်တော် AA က သဘောထားကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
– ကိုဂျင်မီ၊ ကိုဇေယျာသော်အပါအဝင် ၄ ဦးကို သေဒဏ်စီရင်လိုက်တဲ့အတွက် စစ်ရာဇဝတ်ကောင် မင်းအောင်လှို င် နဲ့ စစ်အာဏာရူးတစ်သိုက် ရဲ့ ဥပဒေမဲ့လုပ်ရပ်တွေကို သူတို့အပြင် မိသားစုတွေ ၊ အကြမ်းဖက်စစ်အုပ်စုကို နည်းမျိုးစုံနဲ့ ထောက်ခံ အားပေးသူတွေ ၊ စစ်အုပ်စု နဲ့ အကျိုးစီးပွား ပတ်သက် နေသူအားလုံး တာဝန်ခံကြရမှာ ဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ စစ်ဒေသ -၁၊ အနောက် ပိုင်း စစ်ဒေသခွဲ ၊ တပ်မဟာ -၇ ကနေ ဒီကနေ့ ဇူလိုင်လ ၂၅ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
– ရန်ကုန်၊ ဒေါပုံ-သာကေတ တံတားအသစ်မှာ အကြမ်းဖက် စစ်ကောင်စီ က သေဒဏ် စီရင်လိုက်တဲ့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင် နဲ့ ကိုအောင်သူရဇော်တို့ အတွက် “သွေးကြွေးဆပ်ဖို့ ပြင်ထားကြ” စတဲ့သတင်းအပါအဝင်နောက်ဆုံးသတင်းတွေကိုတင်ဆက်ပေးပါမယ်။