ရန်ကုန်၊ ဇူလိုင် ၂၆
အကြမ်းဖက်စစ်ကောင်စီက ဦးဖြိုးဇေယျာသော်၊ ဦးဂျင်မီ၊ ဦးအောင်သူရဇော်နှင့် ဦးလှမျိုးအောင်တို့ကို သေဒဏ်ပေး သတ်ဖြတ်မှုကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterresက အပြင်းထန်ဆုံးရှုတ်ချကြောင်း ကုလသမဂ္ဂက တရားဝင်သတင်းထုတ်ပြန်သည်။
“ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အနေနဲ့ သမ္မတဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုပါတယ်” ဟု ကုလသမဂ္ဂ၏ ပြောခွင့်ရ Farhan Haq က ပြောဆိုသည်။
မည်သည့်အခြေအနေတွင်ဖြစ်စေ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အနေဖြင့် သေဒဏ်စီရင်မှုကို ကန့်ကွက်ကြောင်းလည်း ထုတ်ဖော်ပြောဆိုသွားသည်။