ရန်ကုန်၊ ဇူလိုင် ၂၆
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ မြန်မာကောင်စစ်ဝန်ရုံးရှေ့တွင် စစ်တပ်၏ သေဒဏ်စီရင်မှုကြောင့် ကျဆုံးခဲ့ရသော တော်လှန်ရေးရဲဘော် ၄ ဦးဖြစ်သည့် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် ၊ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော် တို့နှင့်အတူ နွေဦးတော်လှန်ရေး အတွင်းကျဆုံး ရဲဘော် များ အတွက် ဆုတောင်းပွဲ ကို ယနေ့ အမေရိကန်စံတော်ချိန် ညနေ ၄ နာရီ ၃၀ မှ ညနေ ၆ နာရီ အထိ ပြုလုပ်ခဲ့ပြီး နွေဦးတော်လှန်ရေး အောင်မြင်သည် အထိ ဆက်လက် တိုက်ပွဲဝင်ရန် နယူးယောက်မြို့ ဒီမိုကရေစီ မိသားစု များက သံဓိဌာန် ပြု ကြသည် ။