27 C
Yangon

တော်လှန်ရေး ရဲဘော် ၄ ဦးကို သေဒဏ်စီရင်မှုအပေါ် ကန့်ကွက်ခြင်းနှင့် ထိုင်းအစိုးရအနေဖြင့် မြန်မာအကြမ်းဖက် စစ်တပ်ကို ဆက်ဆံမှု မပြုလုပ်ရေး ဘန် ကောက်ရှိ မြန်မာသံရုံးရှေ့၊ ချင်းမိုင်နှင့်အခြားမြို့တို့တွင် ဆန္ဒပြကြမည်

Must read

ရန်ကုန်၊ ဇူလိုင် ၂၆

တော်လှန်ရေး ရဲဘော် ၄ ဦးကို သေဒဏ်စီရင်မှုအပေါ် ကန့်ကွက်ခြင်းနှင့် ထိုင်းအစိုးရအနေဖြင့် မြန်မာအကြမ်းဖက် စစ်တပ်ကို ဆက်ဆံမှု မပြုလုပ်ရေး ဘန်ကောက်ရှိ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြကြမည်ဖြစ်ကြောင်း ထိုင်းရောက် မြန်မာ့အရေးလှုပ်ရှားသူများက တရားဝင်ကြေညာသည်။

ထိုင်းအစိုးရအနေဖြင့် စစ်ကောင်စီနှင့်ပတ်သက်သည့် ဆက်ဆံမှုမပြုလုပ်ရန် ၊ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများက မြန်မာ့အရေးနှင့် ပတ်သက်၍ ထိုင်းအစိုးရ၏ ရပ်တည်မှုမပြတ်သားသည့် အပေါ် ကန့်ကွက်ဆန္ဒပြခြင်းဖြစ်ကြောင်း၊ ထိုင်းအစိုးရထံသို့လည်း အိတ်ဖွင့်ပေးစာ ပေးပို့မည်ဖြစ်ကြောင်း သိရှိရသည်။

“မြန်မာပြည်သူတွေရဲ့အသံကို မြင်နိုင်သိနိုင်အောင်လို့ပါ။ အားလုံးပါဝင်ပေးစေချင်ပါတယ်”ဟု ဦးဆောင်သူတစ်ဦးကပြောသည်။

ဆန္ဒပြပွဲကို ဘန်ကောက်အပါအဝင် မြန်မာနိုင်ငံသားများ ရောက်ရှိလုပ်ကိုင်နေရာမြို့များ၌ တပြိုင်တည်း ပြုလုပ်ရန်ရှိ သည်ဟုလည်း သိရသည်။

ထိုင်းအတိုက်အခံနိုင်ငံရေးပါတီများကလည်း မြန်မာနိုင်ငံမှ ဒီမိုကရေစီအရေးလှုပ်ရှားသူများအပေါ် သေဒဏ်စီရင်မှုကို ကန့်ကွက်ပြီး ထိုင်းအစိုးရအနေဖြင့် မြန်မာစစ်ကောင်စီကို ကန့်ကွက်ရန်လည်း တောင်းဆိုနေကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article