29 C
Yangon

Khit Thit သတင်းဌာန၏ ဇူလိုင် ၂၆ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇူလိုင် ၂၆ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့

– မေတ္တာရပ်ခံနေတဲ့ကြားက ဒီမိုကရေစီအရေး လှုပ်ရှားသူ ၄ ဦးကို သေဒဏ်စီရင်မှုအပေါ် အလွန်စိတ်ပျက်မိတယ်လို့ အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ပြောဆိုလိုက်ပြီး ၊ ပြင်းပြင်းထန်ထန်ရှုတ်ချတယ် ဆိုပါတယ်။

– အကြမ်းဖက်စစ်ကောင်စီတပ်က ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကို ကွပ်မျက်မှုဟာ ယုတ်မာရိုင်းစိုင်း ရက်စက်ပြီး သူရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ အာရှဒေသဆိုင်ရာ ယူကေနိုင်ငံဝန်ကြီးက မှတ်ချက်ပြုတဲ့ပြင် ၊ အကြမ်းဖက် စစ်ကောင်စီတပ်က သွေးပျက်နေတယ်လို့လည်း ဆိုလိုက်ပါတယ်။

-အကြမ်းဖက်စစ်ကောင်စီက တော်လှန်ရေးရဲဘော် ၄ ဦးကို သေဒဏ်ပေး သတ်ဖြတ်မှုအတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က အပြင်းထန်ဆုံးရှုတ်ချလိုက်ပြီး ၊ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ဖို့ တောင်းဆိုလိုက်တဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article