ရန်ကုန်၊ ဇူလိုင် ၂၆
အကြမ်းဖက်စစ်ကောင်စီက ဒီမိုကရေစီအရေး လှုပ်ရှားသူများကို သတ်ဖြတ်လိုက်ခြင်းဖြင့် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို လှောင်ပြောင်သရော်လိုက်သဖြင့်ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah ကပြောဆိုလိုက်သည်။
စစ်ကောင်စီနှင့်ပတ်သက်၍ မလေးရှားအစိုးရက အရေးကြီးဆုံးဖြတ်ချက် နှစ်ခုချမှတ်လိုက်ပြီး အာဆီယံဝန်ကြီးအဆင့်အစည်း အဝေးများ အားလုံးသို့ စစ်တပ်ဘက်မှ နိုင်ငံရေးကိုယ်စားလှယ်စေလွှတ်ခွင့်ပိတ်ပင်လိုက်ကြောင်း၊ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရာတွင် ပြီးမြောက်သည်အထိ ဆောင်ရွက်မည့် မူဘောင် ချမှတ်ရမည်ဖြစ် ကြောင်း၊ အဆိုပါ မူဘောင်တွင် အားလုံးပါဝင်ရမည်ဖြစ်ပြီး ပါဝင်သူအားလုံး၏ လူမှုနှင့်နိုင်ငံရေးအခွင့်အရေးများကို အခြေခံဥပဒေနှင့်အညီ ပေးအပ်ရမည်ဟု ၎င်းကဆိုသည်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ယနေ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူး ကိုယ်စားလှယ် Dr Noeleen Heyzerနှင့် တွေ့ဆုံကာ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရေး ၊ မြန်မာ့အရေး နောက်ဆုံးအခြေ အနေများကို ဆွေးနွေးကြကြောင်း သိရှိရသည်။
ဓာတ်ပုံ- မလေးရှားနိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်။