26 C
Yangon

ဇေယျာသော် စစ်ဆင်ရေးအဖြစ် ပေါက်မြို့နယ်ရှိ ပျူစောထီး ရွာကို PDF များ ဝင်တိုက်၊ ပျူစောထီး ၇ ဦးသေဆုံး အများအပြား ဒဏ်ရာရ ပြီး သေနတ် ၁ လက်နှင့် ခဲယမ်းအချို့ ရရှိ

Must read

ရန်ကုန်၊ ဇူလိုင် ၂၆

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ တပ်ကုန်းရွာရှိ ပျူစောထီးအဖွဲ့ကို ‘ဇေယျာသော်’ စစ်ဆင်ရေးအဖြစ် ဒေသကာကွယ်ရေးအဖွဲ့များပူးပေါင်းကာ ယနေ့ ဇူလိုင်လ ၂၆ ရက် နံနက်တွင် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ ပျူစောထီး ၇ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရကြောင်း Young Revolution Front – YRF က သတင်းထုတ်ပြန်သည်။

တိုက်ပွဲသည် ယနေ့ နံနက် ၅ နာရီခွဲမှ ၇ နာရီအထိ ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးအဖွဲ့၏ သေနတ် ၁ လက်၊ Uzi ကျည် ၂၄ တောင့်၊ G3 ကျည် ၃ တောင့်၊ ၅.၅၆ ကျည် ၆၉ တောင့်၊ ကပစ ၁၂ ကျည် ၂၉ တောင့်နှင့် လက်ပစ်ဗုံး ၁ လုံးကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

ပျူစောထီးနှင့် စစ်ကောင်စီတပ်စွဲထားသော တပ်ကုန်းရွာကို ပေါက်တောင်ပိုင်း ပြောက်ကျားတပ်ဖွဲ့ – SPGF၊ YDF Saw တပ်ရင်း ၉ နှင့် ၁၀၊ Yenangyaung PDF၊ တပ်ရင်း ၇၁၂၊ PPC၊ Pauk PDF တပ်ရင်း ၄နှင့် တပ်ရင်း ၆၊ CAF – SPU PDF၊ Young Revolution Fornt -YRF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

Previous article
Next article
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article