ရန်ကုန်၊ ဇူလိုင် ၂၆
ချင်းတွင်းမြစ် အနောက်ဘက်ကမ်း သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၂၆ ရက်နေ့တွင် “တော်လှန်ရေး အတွက်လုပ်နေတာ ငါတို့သရဏဂုံမတင်နိုင်ဘူး မင်းတို့ သတ်ချင် ဒီတိုင်းသတ်” စာတန်း ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်းသိရသည်။
” အကြမ်းဖက် စစ်တပ်က ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီ၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို သေဒဏ် စီရင်လိုက်ပြီ ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာမှ ကြေညာခဲ့ပြီး ပြည်သူလူထုများနှင့် ဒေါ်အောင်ဆန်းစုကြည် မှလည်း လွန်စွာ ဝမ်းနည်း စိတ်မကောင်း ဖြစ်ရပြီး စစ်ကောင်စီမှ ယခုလို လူမဆန်စွာ ရက်စက် သတ်ဖြတ်မှုများ ကျူးလွန်လာခြင်းသည် အကြိမ် အရေအတွက်လည်း များပြားနေကာ စစ်ကောင်စီဟာဆိုရင်ဖြင့် သူအာဏာတည်မြဲရေးအတွက်သွေးအေးအေးနဲ့လုပ်ဆောင်နေသလိုမျိုး ကျနော်တို့လူထုအနေကလည်း စစ်ကောင်စီကိုအချိန်တိုင်း တော်လှန်ဖို့လိုအပ်ပါသည်။ ပြောချင်တဲ့အဓိက အကြောင်းအရင်းကတော့ ပြည်သူများအနေနဲ့ စိတ်နဲ့ဝမ်းနည်းနေမဲ့အစား ကိုတက်နိုင်တဲ့ဘက်ကနေ ရုန်းထတော်လှန်ပီး စစ်ကောင်စီကိုအမြစ်ဖြတ်ဖို့ တိုက်တွန်းအပ်ပါသည်” ဟု ချင်းတွင်းမြစ်အနောက်ဘက်ကမ်း သပိတ်ကော်မတီဝင်များက ဟောပြောခဲ့သည်။
Photos-AungKhantZaw



