ရန်ကုန်၊ ဇူလိုင် ၂၆
အကြမ်းဖက်စစ်ကောင်စီက ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို သေဒဏ်စီရင်ရာတွင် သေဒဏ် အပြစ်ပေးမည့်အချိန်ကို ကြိုတင် မသိရှိခဲ့ရဘဲ ပြင်ဆင်ချိန်လည်း မပေးဘဲ တက်သုတ်ရိုက် ကြမ်းကြမ်းတမ်းတမ်း ဆွဲခေါ်ကာ လျှို့ဝှက်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာန၏ သတင်းရင်းမြစ်က ပြောသည်။
“သူတို့က လျှို့လျို့ဝှက်ဝှက်လုပ်တာပါ။ တစ်စုံလုံးကို အတိအကျ မသိရဘူး။ အရေးကြီးဆုံးပြောချင်တာက သူတို့ကို သတ်မယ်ဆိုတာ သူတို့ ကြိုမသိခဲ့ရဘူး။ ပြင်ဆင်ချိန်လည်း မပေးခဲ့ဘူး။ အိမ်မှုန်စုံမွှားနဲ့ ကြမ်းကြမ်း တမ်းတမ်း ဆွဲခေါ်သွားတယ်။ ပြင်ဆင်ချိန်မပေးဘဲ သတ်လိုက်တယ်လို့ ပြန်သိရပါတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ဆိုသည်။
ကိုဖြိုးဇေယျာသော်နှင့် ကိုဂျင်မီကို ဇူလိုင်လ ၂၃ ရက်နေ့ နံနက် ၂ နာရီ နှင့် ၄ နာရီတွင်လည်းကောင်း၊ ကိုလှမျိုးအောင်နှင့်ကိုအောင်သူရဇော်ကို ဇူလိုင်လ ၂၄ ရက်နေ့ နံနက် ၂ နာရီနှင့် နံနက် ၄ နာရီအကြားတွင်လည်းကောင်း စစ်တပ်က သတ်ဖြတ်ခြင်းဖြစ်ကြောင်း သိရှိရသည်။
လက်ရှိ သေဒဏ်ကျ အကျဉ်းသားတချို့ကိုလည်း မိသားစုများဖြင့် ပေးတွေ့နေမှုတချို့ရှိနေသဖြင့် စိုးရိမ်နေရကြောင်း ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။