32 C
Yangon

ခင်ဦး၊ လက်ပန်လှရွာကို စစ်ကောင်စီ တပ်ဖွဲ့က အရပ်ဝတ်များဖြင့် ဝင်စီးပြီး ပြည်သူ ၂ ဦးကို သတ်ဖြတ်၊ နေအိမ် ၂၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဇူလိုင် ၂၇

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် လက်ပန်လှရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက အရပ်ဝတ်များဖြင့် ယနေ့ ဇူလိုင်လ ၂၇ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူ ၂ ဦးသတ်ဖြတ်ခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ကျေးရွာနေ ပြည်သူ ကိုတင်မိုးဝင်းကို ပစ်သတ်ပြီး အသက် ၈၀ ကျော်အရွယ် ဒေါ်ဖွားဆီကို မီးရှို့သတ်ဖြတ်ခဲ့ကာ ပြည်သူပိုင် နေအိမ် ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

” ဒီနေ့ ၉ နာရီလောက်က စစ်ခွေးတွေက ရွာကို ဝင်စီးတာ အရပ်ဝတ်တွေနဲ့ PDF ပုံစံလိုမျိုး အယောင်ဆောင်ပြီး ဝင်လာတာ ရွာထဲရောက်တော့ ကိုတင်မိုးဝင်းကို အရင် ပစ်သတ်တယ်။ အသက် ၈စ ကျော်အရွယ် ဒေါ်ဖွားဆီကိုလည်း မီးရှို့ သတ်ဖြတ်သွားတယ်။ ပြည်သူပိုင် နေအိမ် ၂၀ ​ကျော်ကိုလည်း မီးရှို့ ဖျက်ဆီးသွားတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ်သည် လက်ပန်လှရွာကို ဝင်ရောက် စီးနင်းပြီးနောက် လောင်းရှည်ရွာကိုလည်း ဝင်ရောက် စီးနင်းခဲ့ပြီး ပျက်စီးဆုံးရှုံးမှု အခြေအနေများကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article