29 C
Yangon

အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်သော ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဒီမိုကရေစီအရေးလှုပ်ရှားသူ ၄ ဦးကို စစ်တပ်က သတ်ဖြတ်မှုအပေါ် ပြင်းပြင်းထန်ထန်ရှုတ်ချ၊ သမ္မတဦးဝင်းမြင့်နှင့်ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ရန် တောင်းဆို

Must read

ရန်ကုန်၊ ဇူလိုင် ၂၈

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ၏ ဒီမိုကရေစီအရေးလှုပ်ရှားသူ ၄ ဦးကို သေဒဏ်ပေး ကွပ်မျက်မှုကို ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း တရားဝင်သတင်းထုတ်ပြန်သည်။

ဒီမိုကရေစီအရေးလှုပ်ရှားသူ ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီ၊ ကိုအောင်သူရဇော်နှင့် ကိုလှမျိုးအောင်တို့ကို အကြမ်းဖက်စစ်တပ်က သေဒဏ်စီရင်ပြီးဖြစ်ကြောင်း ထုတ်ပြန်မှုအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် ပြင်းပြင်း ထန်ထန် ရှုတ်ချကြောင်း၊ အဆိုပါ ရှုတ်ချမှုကို တရုတ်၊ ရုရှား အပါအဝင် အဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်ငံလုံးက တညီတညွတ်တည်း ကန့်ကွက်ရှုတ်ချခြင်းဖြစ်ကြောင်း၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရန်နှင့် အမျိုးသားညီညွတ်ရေး ၊ မြန်မာပြည်သူများ၏ အကျိုးအတွက် အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ လူ့အခွင့်အရေးနှင့်အကူအညီပေးနိုင်ရေးကို လေးစားကြရန် လည်း တောင်းဆိုသည်။

အကြမ်းဖက်စစ်တပ်ကမူ သေဒဏ်စီရင်မှုသည် အကြမ်းဖက်မှုများ လုပ်ဆောင် ၍ ဖြစ်ပြီး သေဒဏ်အကြိမ်ကြိမ်ပေးသင့်သူများဖြစ်သည်ဟု အကြမ်းဖက် ဇော်မဲလုံးက သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုထားသည်။

ဓာတ်ပုံ- ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးတစ်ခုမြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article