24 C
Yangon

ဥကရစ်ထစခန်းအနီး စစ်ကြောင်းထိုးလာသော စစ်တပ်နှင့် Venom စစ်ကြောင်း တိုက်ပွဲဖြစ်၊ ရိခေါဒါရ်မြို့ရှိ စစ်ကောင်စီစခန်းကို CDF က ၂ ရက်ဆက်တိုက် ပစ်ခတ်တိုက်ခိုက်

Must read

ရန်ကုန်၊ ဇူလိုင် ၂၈

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ပိုင်း၊ ဥကရစ်ထစခန်းအနီး ရွှေအေးမြိုင်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ်နှင့် စစ်ကြောင်းမှူး စောဝင်းမြင့်ဦးဆောင်သော Venom စစ်ကြောင်းတို့ ယမန်နေ့ ဇူလိုင်လ ၂၇ ရက် မွန်းလွဲ ၃ နာရီခွဲမှစတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးသူ များပြားနိုင်ကြောင်း Venom စစ်ကြောင်းက သတင်းထုတ်ပြန်သည်။

တိုက်ပွဲသည် ၅ နာရီဝန်းကျင် ကြာမြင့်ခဲ့ပြီး Venom စစ်ကြောင်းမှ ရဲဘော် ၂ ဦး မစိုးရိမ် ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။

အလားတူ ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းခရိုင်၊ ရိခေါဒါရ်မြို့ရှိ အကြမ်းဖက်စစ်တပ်စခန်းကို CDF Hualngoram က ဇူလိုင်လ ၂၅ ရက်နှင့် ၂၆ ရက်နေ့များတွင် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ဇူလိုင်လ ၂၅ ရက်နေ့တွင် မိနစ် ၄၀ ခန့်၊ ဇူလိုင်လ ၂၆ ရက်နေ့တွင် မိနစ် ၂၀ ခန့် တိုက်ပွဲဖြစ်ပွားပြီး ထိထိရောက်ရောက် စစ်ဆင်ရေးပြုလုပ်နိုင်ခဲ့ကြောင်း စစ်သား ထိခိုက်သေဆုံးမှုစာရင်းကို အတိအကျမသိရသေးကြောင်း CDF Hualngoram က သတင်းထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုများသည် အကြမ်းဖက်စစ်တပ်က သတ်ဖြတ်ခဲ့သော နိုင်ငံရေးခေါင်းဆောင်များအတွက် လက်တုံ့ပြန်သည့်အနေဖြင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း CDF Hualngoram က ဆိုသည်။

ဓါတ်ပုံ – Venom စစ်ကြောင်းမှ ရဲဘော်များ (ပုံအဟောင်းဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article