By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇူလိုင် ၂၈ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
– အကြမ်းဖက် စစ်ကောင်စီရဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူ ၄ ဦးကို သေဒဏ်ပေး ကွပ်မျက်မှုကို ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေက တညီတညွတ်ထဲ ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း တရားဝင် သတင်းထုတ်ပြန်သည်။
– အင်းလျားလမ်းက မင်းအောင်လှိုင်ရဲ့ နေအိမ်ဖြစ်တဲ့ ခြံအမှတ် ၁၄ ကို အစုရှယ်ယာ အနေနဲ့ ရောင်းချ နေတဲ့ ပရောက်ဂျက်ကို Final Call အဖြစ်နဲ့ နောက်ဆုံး ၁၀ ရက် ရောင်းချသွားမှာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနရဲ့ The End of Dictatorship ကနေ သတင်းထုတ်ပြန်ထားပါတယ်။
– စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ မကွေးတိုင်း၊ ပေါက်မြို့နယ် နဲ့ မြိုင်မြို့နယ်အတွင်းက ကျေးရွာ တွေကို အကြမ်းဖက် စစ်ကောင်စီတပ်က ဒီကနေ့ ဇူလိုင်လ ၂၈ ရက်နေ့ မနက်ပိုင်းမှာ တိုက်ပွဲဖြစ် ပွားခြင်းမရှိဘဲ မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
-ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝူယန်-ကျေးရွာမှာ ဂိတ်စခန်းချပြီး တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် နဲ့ လက်ပါးစေ လီဆူးပြည်သူ့စစ်အဖွဲ့ကို ဒီကနေ့ ဇူလိုင်လ ၂၈ ရက်နေ့ မနက် အစောပိုင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက်ခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။