ရန်ကုန်၊ ဇူလိုင် ၂၈
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မြို့လယ်ခေါင်ရှိ မြို့မရဲစခန်းကို ရေးဘီလူးအဖွဲ့က ယနေ့ ဝင်ရောက်ပစ်ခတ်ရာ ရဲ ၃ ဦးသေဆုံးသွားကြောင်း အဆိုပါအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ဇူလိုင်လ ၂၈ ရက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်တွင် ရေးမြို့မရဲစခန်းကို ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ရဲ ၃ ဦးသေဆုံးကြောင်း၊ ပြည်သူများအနေဖြင့် သတိထားသွားလာကြရန် ရေးဘီလူးအဖွဲ့တာဝန်ရှိသူက ဆိုသည်။
” ၃ ကောင်သေတယ်။ ရဲစခန်းက” ဟု ရေးဘီလူးအဖွဲ့က ပြောသည်။