24 C
Yangon

ရန်ကုန်မြို့လယ်ခေါင် မြို့တော်ခန်းမရှေ့တွင် သေဒဏ်စီရင်မှု ထောက်ခံပွဲကို လမ်းများပိတ်၍ ပြုလုပ်နေ၊ စစ်တပ်က လုံခြုံရေးယူပေးထားပြီး မဘသ၊ စစ်မှုထမ်းဟောင်းနှင့်အမျိုးသားရေး အစွန်းရောက် အများအပြားတက်

Must read

ရန်ကုန်၊ ဇူလိုင် ၂၉

ရန်ကုန်မြို့လယ်ခေါင်၊ မြို့တော်ခန်းမနှင့်မဟာဗန္ဓုလပန်းခြံရှေ့တွင် စစ်တပ်၏ သေဒဏ်ပေးမှုများကို ထောက်ခံသော လှုပ်ရှားမှုကို မဘသ ၊ စစ်မှုထမ်းဟောင်းနှင့် အမျိုးသားရေး အစွန်းရောက် အများအပြား တက်ရောက်နေကြောင်း ရန်ကုန်မြို့ခံများထံမှ သိရှိရသည်။

ဇူလိုင်လ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက်စစ်တပ်က ဆူးလေ၊ မဟာဗန္ဓုလမ်း၊ ကုန်သည်လမ်းများကို ပိတ်ဆို့၍ သေဒဏ်ပေးမှု ထောက်ခံပွဲ ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ မြို့တော်ခန်းမတစ်ဝိုက်ကို လုံခြုံရေး အများအပြား ချထားကြောင်း၊ လမ်းသွားလမ်းလာမှန်သမျှကို စစ်ဆေးနေကြောင်း ဒေသခံများထံမှ သိရှိရသည်။

ရန်ကုန်ဆူးလေ တစ်ဝန်းလုံး ပိတ်ဆို့ထားတယ်။ စခ ရခကားတေ တော်တော်များများ ပတ်နေတယ်။ ကုန်သည်လမ်းနဲ့ ဗန္ဓုလ လမ်းတွေ ပိတ်ထားတယ်။ ကားလမ်းတွေ လည်းတော်တော်ကျပ်နေတယ်။ မြို့ထဲ ယာဉ်ထိန်းရဲကင်းတိုင်းမှာ ရဲနဲ့ စစ်သားတွေ ရှိတယ်။ ဆူးလေ MPT ရုံးရှေ့တွင် ရဲတွေ ဖြတ်သွားတဲ့ လူငယ်တွေကို ဖုန်း ထမင်းချိုင် အိတ်တွေ စစ်နေတာ။ဖုန်းထဲက FB ကိုသေချာစစ်ပြီး။တစ်ခုခု တွေ့တာနဲ့ ငွေညစ် ပိုက်ဆံတောင်းတယ်” ဟု ရန်ကုန်မြို့ခံတစ်ဦးကပြောသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီ၏ သေဒဏ်ပေးမှုကို ထောက်ခံပွဲအပြင် ချီတက်ပွဲများ ပြုလုပ်ရန် စီစဉ်နေကြောင်း မဘသ သတင်းရပ်ကွက်ထံမှ သိရှိရသည်။

ဓာတ်ပုံ- ယမန်နှစ် စစ်တပ်ထောက်ခံပွဲမှ အကြမ်းဖက်ထောက်ခံသူများကို မြင်ရစဉ်။ (ပုံအဟောင်းဖြစ်သည်)

Photo- AP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article