37 C
Yangon

ယင်းမာပင်၊ ရင်ပေါင်တိုင်ရွာမှ ပြည်သူ ၁၂ ဦးကို စစ်တပ်က သတ်ဖြတ်ပြီး အလောင်းများကို မီးရှို့ ၊ စစ်တပ်ကို ခုခံ တိုက်ခိုက်ရင်း PDF ရဲဘော် ၅ ဦးကျဆုံး

Must read

ရန်ကုန်၊ သြဂုတ် ၁၆

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ရွာကို အကြမ်း စစ်တပ်က သြဂုတ်လ ၁၁ ရက်နေ့မှ ၁၆ ရက်နေ့ထိ ရဟတ်ယာဥ်များဖြင့် ပစ်ခတ်ပြီး ကျေးရွာကို ဝင်ရောက် စီးနင်းကာ ပြည်သူ ၁၂ ဦးကို သတ်ဖြတ်သွားကာ ပြည်သူ ၃၀ ခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

ရင်ပေါင်တိုင်ရွာတွင် အကြမ်းဖက် စစ်တပ် ဝင်ရောက် စီးနင်း မှုကြောင့် သြဂုတ်လ ၁၁ ရက်နေ့မှ ၁၆ ရက်နေ့ထိ ပြည်သူ ၁၂ ဦး၏ ရုပ်အလောင်း၊ မြင်း ၇ ကောင်နှင့်နွား ၅ ကောင် သတ်ဖြတ်ခံရကြောင်း၊ ဆိုင်ခန်း ၆ ခန်း၊ နေအိမ် ၁ လုံး၊ ဆိုင်ကယ် ၆၅ စီး၊ သုံးဘီး ၁ စီး၊ ဖောကား ၁ စီး၊ အိမ်စီးကား ၂ စီးနှင့် ဘုန်းကြီးကား ၁ စီး တို့ မီးရှို့ဖျက်ဆီးခံရပြီး ပြည်သူ ၃၀ ခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဩဂုတ်လ ၁၄ ရက်နေ့တွင် စစ်တပ် စစ်ကြောင်းက ရင်ပေါင်တိုင်ရွာမှ ပုလဲမြို့နယ် မုံသွင်ရွာကျေးရွာဘက်သို့ ထွက်ခွာသွားပြီး ရင်ပေါင်တိုင်ရွာမှ ဖမ်းဆီးသွားသော ပြည်သူ ၃၀ ခန့်ကိုလည်း လူသားဒိုင်း အဖြစ် ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း သိရသည်။

“ပထမက အမျိုးသမီးတွေရော အမျိုးသားတွေရော အကုန်ဖမ်းတယ်။ နောက်ပိုင်းကြတော့ အမျိုးသမီး‌တွေကို ပြန်လွှတ်ပေးလိုက်တယ်။ အခုလို အဖမ်းခံရတဲ့ သူတွေရဲ့ အသက် အန္တရာယ်လည်း စိုးရိမ်တာပေါ့။ ဒီကောင်တွေက လူစိတ် ရှိကြတဲ့ကောင်တွေ မဟုတ်ဘူး။ အခုလည်း ရွာထဲလည်း ပြန်မဝင်ရဲသေးဘူး” ဟု ရင်ပေါင်တိုင် ကျေးရွာသား တစ်ဦးကပြောဆိုသည်။

ရင်ပါင်တိုင်ကျေးရွာကို အကြမ်းဖက် စစ်တပ် ဝင်ရောက် စီးနင်းစဥ်၌ ခုခံ တိုက်ခိုက်ခဲ့သော PDF ရဲဘော် ၅ ဦးလည်း ကျဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ရင်ပေါင်တိုင် ရွာသား ၃၀ ဦးခန့်ကို ဖမ်းဆီးခေါ်ဆောင် သွားပြီးနောက် ပုလဲမြို့နယ် ချင်ပြစ်ရွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article