40.9 C
Yangon

ကရင်နီပြည်နယ်တွင် ဖြစ်ပွားသော ဩဂုတ်လ တတိယတစ်ပတ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ အနည်းဆုံး ၃ ဦး သေဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၂၂

ကရင်နီပြည်နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များကြား ဩဂုတ်လ တတိယတစ်ပတ်အတွင်း တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်မှ အနည်းဆုံး ၃ ဦးသေဆုံးကြောင်း အတည်ပြုနိုင်ပြီး ထိခိုက်သေဆုံးမှုများကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်တပ်သည် ဖရူဆို၊ လွိုင်ကော်မှတဆင့် ဒီးမော့ဆိုမြို့နယ်ဘက်သို့ တပ်အင်အားဖြည့်တင်းကာ စစ်ကြောင်းထိုးလျှက်ရှိပြီး ကရင်နီပူးပေါင်းအဖွဲ့က ခုခံတိုက်ခိုက်နေကာ အကြမ်းဖက်စစ်တပ်ဘက်မှ နေ့စဉ် ထိခိုက်သေဆုံးမှု ရှိကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီတပ်မှ ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြိုနယ်များတွင် တာဝေးပစ် လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့သဖြင့် အရပ်သားပြည်သူများထိခိုက်မှုများရှိခဲ့ကြောင်း KNDF က ထုတ်ပြန်သည်။

သြဂုတ်လ (၁၅) ရက်နေ့တွင် ရှားတောမြို့နယ်၊ ပွန်ချောင်းကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းအား ကရင်နီ တပ်မတော် KA၊ KNDF တပ်ရင်း ၂၊ တပ်ရင်း ၁၂၊ တပ်ရင်း ၁၄ တို့ ပူးပေါင်းတိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရကြောင်း၊ ဩဂုတ်လ ၂၀ ရက်တွင် ရှမ်း-ကရင်နီနယ်စပ်ရှိ တငူးဆိုစခန်းကို တိုက်ခိုက်ရာ အကြမ်းဖက်စစ်တပ်က စခန်းစွန့်ခွာသွားပြီး အဆိုပါစခန်းကို မီးရှို့ရှင်းလင်းလိုက်ကြောင်း သိရှိရသည်။

သြဂုတ်လ (၁၅) ရက်နေ့ နံနက်ပိုင်းတွင် ဖရူဆိုမြို့အခြေစိုက် ခမရ ၄၂၈နှင့် ၅၃၁ တပ်ရင်းတို့အား ကရင်နီတပ်မတော် KA နှင့် KNDF B04 တို့မှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဖက်မှ ထိခိုက်မှု များရှိခဲ့ကြောင်း၊ သြဂုတ်လ ၁၇ ရက်တွင် စစ်တပ်က ဒီးမော့ဆိုမြို့ရှိ ခြေတော်ရာဘုရားဘက်သို့ လက်နက်ကြီးပစ်ခတ်ခဲ့မှုကြောင့် စေတီတစ်ဆူ ပျက်စီးခဲ့ကြောင်း၊ ခြေတော်ရာဘုရားတိုက်ပွဲတွင် ကရင်နီရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း KNDF က ထုတ်ပြန်သည်။

ဩဂုတ်လ ၂၀ ရက်တွင် လွိုင်ကော်မြို့နယ်၊ ဒေါတချ ရေတံခါးအနီးတွင် တပ်စွဲနေသော စစ်ကောင်စီတပ်များကို KNDF တပ်ရင်း ၁၄၊ တပ်ရင်း ၂၊ ကရင်နီတပ်မတော် KA တို့မှ အလှစ်ငိုက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၂ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

အလားတူ ဖရူဆိုမြို့နယ်၊ ထီးကလူဒေါကျေးရွာကဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များကို ကရင်နီ တပ်မတော် KA နှင့် KNDF တပ်ရင်း ၁၅ က အလစ်အငိုက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှအထိနာပြီး ဆုတ်ခွာခဲ့သဖြင့် ခဲယမ်းအချို့နှင့် ဆက်သွယ်ရေးပစ္စည်းအချို့ကို KNDF က သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article