30 C
Yangon

ခင်ဦးတွင် စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပြီး စစ်သား ၂၀ ဦး သေဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၃၁

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပြီး စစ်သား ၂၀ ဦးသေဆုံးကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးနှင့် တော်လှန်ရေးရဲဘော်တချို့ထံမှ သိရှိရသည်။

ဩဂုတ်လ ၃၁ ရက်နေ့ နံနက် ၁၀ နာရီအချိန် ခန့် ပျူစောထီး ပျဥ်ထောင်ကျေးရွာမှ စစ်ကောင်စီတပ်သားများနှင့်ပျူစောထီးများသည် လက်နက်ကြီးများဖြင့် ရွှေကူတဲစုကျေးရွာသို့ ပစ်ခတ်ကြောင်း၊ ယင်းနောက် မွန်းတည့် ၁၂နာရီခန့် ရွှေကူတဲစုကျေးရွာအနီးထိ အင်အား၅၀ခန့် ခြေလျင်တိုးလာရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးပြီးဒဏ်ရာရရှိသူများပြားခဲ့ကြောင်း၊ ယင်း
မြို့ နယ် တပ်ရင်းနှင့်မြို့နယ်ပကဖတို့က ဒေသအဖွဲကများကို ဦးဆောင်၍ ပုံဖော်ခဲ့ကြကြောင်း များအားဦးဆောင်၍ ပုံဖော်ခဲ့ကြောင်းသိရသည်။

ယင်းနောက် ယနေ့ ညနေ ၅ နာရီခန့်အချိန် နံနက်တိုက်ပွဲတွင် သေဆုံးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပျဥ်ထောင်ကျေးရွာမှ ရေဦးသို့သယ် ဆောင်ရန် ရေဦးမြို့မှ သံချပ်ကာ၁စီး အင်အားအပြည့်ဖြင့် မူးမြစ်ကူးတံတားပေါ် ခြေလျင်တက်လာရာ တံတားအရှေ့ထိပ်တွင် မိုင်း ၁၂လုံးတိတိဖောက်ခွဲတိုက် ခိုက်ကြောင်း၊ မိုင်းဆွဲမှုကြောင့် စစ်သား ၁၀ ဦး နေရာတင် ပွဲချင်းပြီး သေဆုံးပြီး စစ်သား ၃ ဦး ဒဏ်ရာရရှိကြောင်း KSOမှ တော်လှန်ရေးရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မိုင်းဆွဲတိုက်ခိုက်မှုကို Khin U Support Organization-KSO၊ KhinU Dog Killers-KDK၊ Wolf Guerrilla (Ye U)နှင့် မဟာမိတ်အဖွဲ့များမှ ပြုလုပ်ခဲ့ကြောင်း၊ တံတားအရှေ့ထိပ် မိုင်းဆွဲခံရ၍ သေဆုံးဒဏ်ရာရများအား ဆိုင်ကယ်များဖြင့် သယ်ဆောင်ခဲ့သလို ပျဥ်ထောင်ကျေးရွာမှ သေဆုံးဒဏ်ရာရသူများကို ကား၁စီးဖြင့် လမ်းတစ်လျှောက် လက်နက်ကြီးငယ် တရစပ်ပစ်ခတ်ကာ ရေဦးမြို့သို့သယ်ဆောင်သွားကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး၏ ထုတ်ပြန်ချက် အရ သိရှိရသည်။

ဓာတ်ပုံ- ခင်ဦးမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article