37 C
Yangon

စစ်အာဏာရှင်ထိန်းချုပ်ထားသည့် ရန်ကုန်ကို သိမ်းနိုင်ရေး တစ်နှစ်ကျော် အချိန်ယူ ကြိုးပမ်း ရမည်

Must read

————————————————————–

စစ်တပ်ဒေါက်တိုင် ဖောက်ခွဲ ရေးမစ်ရှင်များကို ကိုယ်တိုင် မလုပ်ဘဲ ခိုးယူ အမည်ခံ အလှူငွေ ရှာသည့် အဖွဲ့တချို့ကို ပြည်သူများ သတိထားရန် အသိပေး

ရန်ကုန်၊ ဩဂုတ် ၇

စစ်အာဏာရှင်ထိန်းချုပ်ထားသည့် ရန်ကုန်ကို သိမ်းနိုင်ရေးမှာ တစ်နှစ်ကျော် အချိန်ယူ ကြိုးပမ်း ရမည်ဖြစ်ကြောင်း ရန်ကုန် တိုင်း တပ်မဟာအဖွဲ့က ယနေ့ ထုတ်ဖော် ပြောဆိုလိုက်သည်။

ရန်ကုန်တိုင်း တပ်မဟာအဖွဲ့သည် ရန်ကုန်ရှိ အကြမ်းဖက် ဖက်ဆစ် စစ် အာဏာရှင်ကို တိုက်ခိုက်နေသည့် အဖွဲ့ပေါင်း ၁၆ ဖွဲ့ဖြင့် ပေါင်းစု ထား ခြင်း ဖြစ်ပြီး လက်ရှိအချိန်တွင် အဖွဲ့များအနေနှင့် ရန်ကုန် သီးသန့် Mission ကို လုပ်ဆောင်နေခြင်းဖြစ်သည်။

“ကျွန်မတို့က Rosy Wave, Eagle Wave, Dragon Wave ဆိုပြီး လှိုင်းသုံး လှိုင်းနဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်မှာပါ။ Rosy Wave မှာဆိုရင် Justic lady mission ဆိုပြီး တရားရုံးတွေ စစ်ကောင်စီရဲ့ ဒေါက်တိုင်တွေကို ဖောက် ခွဲတဲ့ အလုပ်တွေ လုပ်ပါမယ်။ နှင်းဆီလိုင်းပြီးရင် Eagle Wave ကတော့ Rosy Wave ထက်ပိုပြင်းထန်ပြီး ပစ်ခတ်တာတွေ ပါလာမယ်။ ဒေါက်တိုင်တွေ၊ နောက်လိုက် စစ်သားတွေ ရဲတွေ ပစ်မယ်။ အဲဒီ Eagle Wave လုပ်ရင်းလည်း Rosy Wave ကို တွဲလုပ်သွားပါမယ်။ ပြီးရင်တော့ Last Wave ဖြစ်တဲ့ Dragon Wave မှာ ရန်ကုန်တိုင်းကို အပြီးသိမ်းလိုက်မယ်။ ပိုပြီး ပြင်းထန်မယ်၊ ရန်သူ့ စခန်းတွေကို အဓိကထားပြီး ချေမှုန်းမယ်၊ စစ်ကားတွေကို အစီး လိုက် ဖောက် ခွဲပစ်တာတွေ လုပ်မယ်” ဟု ရန်ကုန်တိုင်းတပ်မဟာအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ မဗီဗီယန်က ပြောကြားသည်။

ရန်ကုန်တိုင်းတပ်မဟာအဖွဲ့အနေနှင့် လက်ရှိအချိန်တွင် Rosy Wave လှိုင်းကို လုပ်ဆောင်နေသော်လည်း Dragon Wave ဖြစ်သည့် ရန်ကုန်တိုင်းကို သိမ်း ပိုက်နိုင်သည်အထိကိုမူ တစ်နှစ်ကျော်အတွင်း လုပ်ဆောင်နိုင်ရန် ကြိုးပမ်း သွား မည်ဟု မဗီဗီယန်က ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

ရန်ကုန်တိုင်း တပ်မဟာအဖွဲ့သည့် NUG နှင့်လည်း ချိတ်ဆက် ဆောင်ရွက် နေပြီး EROs အဖွဲ့ကြီး နှစ်ဖွဲ့နှင့် လက်တွဲ လုပ်ဆောင်လျက်ရှိကြောင်းလည်း သိရှိရသည်။

ရန်ကုန်တိုင်း တပ်မဟာအဖွဲ့ရှိ အဖွဲ့ပေါင်း ၁၆ ဖွဲ့ရှိ အဖွဲ့ဝင်များသည် လက်လုပ် သေနတ် များ အသုံးမပြုတော့ဘဲ မောင်းပြန်သေနတ်များ အသုံးပြု၍ မစ်ရှင် များကို ဆောင်ရွက်နေပြီဖြစ်သော်လည်း အဖွဲ့ဝင်တိုင်း လက်နက်များ တပ်ဆင် ပေးနိုင်ခြင်း မရှိသေးကြောင်း၊ ပြည်သူများ၏ ထောက်ပံ့ကူညီမှုများ လိုအပ် နေ ကြောင်းနှင့် ရန်ကုန်တိုင်းအတွင်း မစ်ရှင် များ ဆောင်ရွက်ရာတွင် ပြည်သူ များ ထိခိုက်မှု မရှိစေရေး အဓိကထား ဆောင်ရွက်နေကြောင်းလည်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသွားသည်။

ထို့ပြင် ရန်ကုန်ရှိ စစ်တပ်ဒေါက်တိုင် ဖောက်ခွဲရေးမစ်ရှင်များကို ကိုယ် တိုင် မလုပ်ဘဲ ခိုးယူအမည်ခံ အလှူငွေရှာသည့်အဖွဲ့များကို ပြည်သူများ သတိ ထား ရန် ရန်ကုန်တိုင်းတပ်မဟာက အသိပေးသည်။

မစ်ရှင်ခိုးယူခံရမှုမှာ ဩဂုတ်လ ၂ ရက်နေ့ ည ၈ နာရီ ၁၅မိနစ်အချိန်ခန့်တွင် ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် တရားရုံးကို ဗုံးခွဲတိုက်ခိုက်မှုကို ရန်ကုန်တိုင်း တပ်မဟာမှ Justice Lady Mission အနေနှင့် လုပ်ဆောင်ခဲ့သော်လည်း United Resistance Force အမည်နှင့် စုပေါင်းတော်လှန်ရေးတပ်ဖွဲ့ဟု အမည် တပ် ထားသည့် အဖွဲ့မှ ၎င်းတို့ လုပ်ဆောင်သည်ဟု သတင်း ထုတ် ပြန်ခဲ့ခြင်း ဖြစ်သည်။

“ဒီ Mission အတွက် ၃ ရက်လောက် နေ့နေ့ညည Scout ထောက်ရတယ်။ ဘေးမှာ ထွေအုပ်ရုံးရှိလို့။ Mission အောင်မြင်ပေမယ့် ပိုဖိမှာ စိုးလို့ စာမ ထွက်ဘူး။ သေချာ ခက်ခက်ခဲခဲ Plan ချပြီး ကိုယ်လုပ်ပေမယ့် သူများက ဒီလို စာထုတ်တာ မတရားဘူး” ဟု ရန်ကုန်တိုင်း တပ်မဟာအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

United Resistance Force ဟူ၍ မစ်ရှင် များကို ခိုးယူသည့် သူမှာ အောင် ဇေယျ အမည်ရှိသူက လုပ်ဆောင်ခဲ့သည်ဟု စုံစမ်းသိရှိရပြီး ၎င်းးမှာ မည်သည့် Mission ကိုမှ ဝင်ရောက် လုပ်ဆောင်ဖူးခြင်းမရှိဘဲ အလှူငွေ အတွက် ရည်ရွယ်၍ အခြားအဖွဲ့များ၏ မစ်ရှင်များကို ခိုးယူခဲ့ခြင်းဖြစ်သည်ဟု သတင်း စာရှင်းလင်းပွဲတွင် ပြောကြားသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် United Resistance Force ၏ အမြင်သ ဘော ထား ကို ရရှိရန် ဆက်လက် မေးမြန်းလျက်ရှိပြီး တုံ့ပြန်ချက်ရရှိပါက ဖော်ပြ သွားမည်ဖြစ်သည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်ကင်းလှည့်နေစဉ်။

Photo- AFP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article