26 C
Yangon

ဒီပဲယင်း၊ ကိုင်းကံရွာတွင် စစ်တပ် သတ်ဖြတ်သွားသော ပြည်သူ ၇ ဦး၏ ရုပ်အလောင်းများတွေ့ရှိ၊ စစ်တပ် မီးရှို့ခဲ့သောကြောင့် နေအိမ် ၁၄၅ လုံးပြာကျ

Must read

ရန်ကုန်၊ သြဂုတ် ၇

စစ်ကိုင်းတိုင်း ဒီပဲယင်း မြို့နယ် ကိုင်းကံရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ဒေသခံ ပြည်သူ ၇ ဦးကို သတ်ဖြတ်ကာ ပြည်သူပိုင် နေအိမ် ၁၄၅ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက​ ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကိုင်းကံရွာကို သြဂုတ်လ ၅ ရက်နှင့် ၆ ရက်နေ့တို့တွင် ဝင်ရောက်စီးနင်း ခဲ့ခြင်းဖြစ်ပြီး ပြည်သူပိုင် နေအိမ်များအပြင် ပြည်သူပိုင် ပစ္စည်းများကိုလည်း မီးရှို့ဖျက်ဆီး သွားကြောင်း သိရသည်။

“ကိုင်းကံကျေးရွာက ပြည်သူပိုင် နေအိမ် ၁၄၅ လုံးနဲ့ ဆန်၊ စပါး၊ ကောက်ပဲသီးနှံတွေ စက်ပစ္စည်းမျိုးစုံ အပါအဝင် ပြည်သူပိုင် ပစ္စည်းအားလုံးကို စစ်ခွေးတွေ မီးရှို့ဖျက်ဆီးသွားတယ်။ ရွာထဲမှာ စစ်ခွေးတွေ သတ်ဖြတ်သွားတဲ့ ပြည်သူ ၇ ဦး ရုပ်အလောင်းတွေ တွေ့ရတယ်။ ဘယ်သူ ဘယ်ဝါ ဆိုတာ အတည် မပြုနိုင်သေးဘူး။ စစ်ခွေးတွေ ဖမ်းသွားတဲ့ လျှော်ဖြူ၊ ကိုင်းကံရွာက ပြည်သူတွေလည်း ပြန်မလွတ်​သေးဘူး လူသားဒိုင်းပြုလုပ်ဖို့ ခေါ်သွားတာ” ဟု ဒီပဲယင်းမြို့နယ် ညီနောင်များ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article