28 C
Yangon

ပေါက်မြို့နယ်ရှိ ကျေးရွာ ၅ ရွာကို စစ်တပ်က ၃ ရက် ဆက်တိုက် မီးတင်ရှို့၊ ထောင်နှင့်ချီသော ပြည်သူများ မိုးထဲရေထဲ ထွက်ပြေးနေရ

Must read

ရန်ကုန်၊ သြဂုတ် ၂၂

မကွေးတိုင်း ပေါက်မြို့နယ် ရှိ စသိန်း၊ ညောင်ရင်း၊ ဂွေးဂုံ၊ ဂဲပင်အင်း နှင့်လယ်လန်းကျေးရွာ များကို အကြမ်းဖက် စစ်တပ်က ၃ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးနေပြီး ထောင်နှင့်ချီသော ကျေးရွာနေ ပြည်သူများသည် ဘေးလွတ်ရာသို့ မိုးထဲရေထဲသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ် သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၁၈ ရက်နေ့မှစတင်ပြီး စစ်အင်အား ၁၅၀ ခန့်ဖြင့် မကွေးတိုင်း၊ ပေါက် မြို့နယ် မြောက်ပိုင်းနှင့်တောင်ပိုင်းကို စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းကြောင့် စသိန်း၊ ညောင်ရင်း၊ ဂွေးဂုံ၊ ဂဲပင်အင်းနှင့် လယ်လန်းကျေးရွားမှ ပြည်သူများ အပြင် အနီးဝန်းကျင် ကျေးရွာများရှိ ပြည်သူများပါ ထွက်ပြေးတိမ်း ရှောင် နေရခြင်းဖြစ်ကြောင်း သိရသည်။

စစ်တပ်က ကျေးရွာများ အတွင်းရှိ ပြည်သူပိုင် နေအိမ် များကို မီးရှို့ဖျက်ဆီးပြီးနောက် တန်ဖိုးရှိ ပစ္စည်းများကို ခိုးယူကြကြောင်း၊ ပစ္စည်းများကို ကားငါးစီးဖြင့် တင်ဆောင် သွားကာ ပြည်သူများ မွေးမြူထားသည့် အိမ်မွေး တိရိစ္ဆာန်များကိုလည်း သတ်ဖြတ် စားသာက် သွားကြောင်းသိရသည်။

အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးကြောင့် စသိန်းရွာမှ ပြည်သူပိုင် နေအိမ် ၇ လုံး၊ ညောင်ရင်း ရွာမှ ပြည်သူပိုင် နေအိမ် ၂၀ လုံးနှင့် ဂွေးဂုံ ရွာမှ ပြည်သူပိုင် နေအိမ် ၆ လုံး စုစုပေါင်း ၃၂ လုံး မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article