36 C
Yangon

မဘသနှင့် အမျိုးသားရေးလှုပ်ရှားမှုတွေမှာ ထဲထဲဝင်ဝင် ပါဝင်ခဲ့သူ ကိုဟိဏ်းဝေယံနှင့်တွေ့ဆုံခြင်း (နိဂုံး)

Must read

“လူသတ်သွေးသောက်ဂိုဏ်းကို မန္တလေးက ခါးချိကျော်မျိုးဆွေရယ် ပေါက်ကိုယ်တော်ရယ် မိုက်ကယ်ကျော်မြင့် တင်လင်းထိုက်ရယ်စတင်ဖွဲ့စည်းတယ်။မန္တလေးမှာဆိုရင် ကျော်မျိုးဆွေးက NLDပါတီဝင်တွေအကြောင်း အချက်အလက်စုဆောင်းပေးတယ် ရန်ကုန်မှာတိုရင် တင်လင်းထိုက်က အချက်အလက်စုဆောင်းပြီး စစ်တပ်ကကောင်တွေနဲ့ ပေါင်းပြီးလှုပ်ရှားမှုလုပ်တယ်။”

BY  ရန်ကုန်ခေတ်သစ်

မင်းအောင်လှိုင် ခေါင်းဆောင်သော အကြမ်းဖက်စစ်တပ်နဲ့စစ်အုပ်စုဟာ စစ်အာဏာသိမ်းဖို့ ဘယ်လိုတွေ ကြိုတင်ကြံ စည်ခဲ့တာလဲ။ ဒေါ်အောင်ဆန်း စုကြည်နဲ့ NLD ပါတီ နိုင်ငံရေးစင်မြင့်ပေါ် ပြန်ရောက်လာတဲ့ ၂၀၁၂ ခုနှစ်မှာ မဘသ၊ အမျိုးသားရေး လှုပ်ရှားမှုများနှင့်အဖွဲ့တွေဘာကြောင့် ပေါ်ပေါက်လာတာလဲ။ စတဲ့အကြောင်းအရာတွေကို မဘသနဲ့ အမျိုးသားရေးလှုပ်ရှားမှုတွေမှာ ထဲထဲဝင်ဝင် ပါဝင်ခဲ့သူ ကိုဟိဏ်းဝေယံက ဖော်ထုတ်ပြောဆိုလာပါတယ်။ ကိုဟိဏ်းဝေယံဟာ အရင်က မဘသနဲ့ အမျိုးသားရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှစတင်ပြီး မဘသနှင့်အမျိုးသားရေး သမားတွေရဲ့ ငွေကြေးအရှုပ်တော်ပုံတွေ ကိုယ်ကျင့်တရားပျက်ပြားမှုတွေ၊ စစ်တပ်ရဲ့ ရုပ် သေးရုပ်အဖြစ် အသုံးချမှုတွေယုတ်မာတဲ့ လမ်းနည်းတွေ နဲ့ ရွေးကောက်ခံ NLD အစိုးရကို တိုက်ခိုက်ခဲ့မှုတွေကို ဖော်ထုတ်နေသူလည်းဖြစ်ပါတယ်။ အခုအပိုင်း နိဂုံးပိုင်း မှာတော့ သွေးသောက်လူသတ်ဂိုဏ်းကို မန္တလေး မဘသ ကျော်မျိုးဆွေနဲ့ မိုက်ကယ်ကျော်မြင့်တို့ စတင်ဖွဲ့စည်းခဲ့ပြီး လူသတ်မှုများ ကျူးလွန်တဲ့အကြောင်း၊NLD အစိုးရလ က်ထက်မှာ စစ်တပ်က ငွေပေါပေါသီသီသုံးကာ အုပ်ချုပ်ရေးပိုင်းမှာ နှောက်ယှက်တာတွေနဲ့ စစ်တပ်က အာဏာ ငမ်းငမ်းတက် လိုချင်တဲ့အကြောင်း၊မဘသဘုန်းကြီးတွေ စစ်သင်တန်းတွေတက်ကာ ပြည်သူစစ်ဖွဲ့တဲ့ အကြောင်း တွေကို ဖွင့်ဟဖော်ထုတ်ထားပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article