28 C
Yangon

မဘိမ်းမြို့နယ်တွင် ကျောင်းသား လူငယ်များ ဦးဆောင်ကာ စစ်တပ်၏ ထောင်တွင်း အကြမ်းဖက်မှုနှင့် သတ်ဖြတ်မှုကို လက်မခံကြောင်း ဖဲကြိုးနက် ကမ်ပိန်း လှုပ်ရှားမှု ပြုလုပ်

Must read

ရန်ကုန်၊ သြဂုတ် ၂၀

ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ်ရှိ S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေး အဖွဲ့မှ ဖွင့်လှစ်ထားသည့် CDM ကျောင်းတွင် ယနေ့ သြဂုတ်လ ၂၀ ရက်နေ့၌ အကြမ်းဖက် စစ်တပ်၏ ထောင်တွင်း အကြမ်းဖက်မှုနှင့် သတ်ဖြတ်မှုကို လက်မခံကြောင်း ပညာရေးနှင့် လူထု အသံ ဖဲကြိုးနက် ကမ်ပိန်းလှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကမ်ပိန်း လှုပ်ရှားမှုတွင် အကြမ်းဖက် စစ်တပ်၏ ပြည်သူအပေါ် ဖိနှိပ်မှုများ သတ်ဖြတ်မှုများ တိုင်းပြည်အာဏာ မတရား ရယူထားမှုများကို ကျောင်းသား၊ မိဘ ပြည်သူများနှင့် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ဟောပြောဆွေးနွေးခဲ့ကြောင်းသိရသည်။

” အာဏာသိမ်းစစ်ကောင်စီ ရဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကစတင်ပြီး မတရား ဖိနှိပ် နှိပ်စက်ထောင်တွင်းအကျဉ်းချခဲ့တဲ့ အပြစ်မဲ့ ပြည်သူအပေါင်းဟာ (၉၃၉၉)ခန့်ရှိပါပြီ။အကျဉ်းထောင်အတွင်း ထောင်တွင်းအကြမ်းဖက် နှိပ်စက်မှုများနှင့် လူအခွင့်အရေးချိုးဖောက်မှု များစွာအပြင် လိင်အကြမ်းဖက်မှုလို အဆ်ိုးဝါးဆုံးလုပ်ရပ်တွေကိုလည်း အပြစ်မဲ့ ပြည်သူတွေဟာ ထောင်တွင်းမှာ ခံစားနေရပါတယ်။
မိမိတို့ဟာ ကိုယ့်အိမ်မှာသက်တောင်သက်သာနဲ့ နေရချိန်မှာ ထောင်တွင်းအကျဉ်းကျခံနေရတဲ့ ရဲဘော်တွေဟာ နေ့စဉ်နဲ့အမျှ ဆိုးဝါးတဲ့ လု့အခွင့်အရေးချိုးဖောက်မှုတွေကိုရင်ဆိုင်နေရပါတယ်။ ဒါကြောင့် တော်လှန်ရေး အရှိန်အဟုန်မြန်ဆန်စွာ ပြီးစီးဖို့ ပြင်ပ က ပြည်သူတွေအားလုံး ပူးပေါင်းပါဝင် မှသာအမေစုနဲ့တကွ ထောင်တွင်း အကျဉ်းချခံနေရတဲ့ အပြစ်မဲ့ ပြည်သူတွေ အမြန်ဆုံးလွတ်မြောက်နိုင်မှာပါ” ဟု အခမ်းအနားပွဲ ဦးဆောင်သော လူငယ် တစ်ဦးမှ ဟောပြောခဲ့သည်။

S&C အဖွဲ့သည် စစ်ဘေးရှောင် ကလေးများ အနာဂတ် ပညာရေးအတွက် ဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်ပြီး ကလေးငယ်များအတွက် သင်ထောက်ကူ ပစ္စည်းများနှင့် လှူဒါန်းလိုသူများ အနေဖြင့် S&C pageမှ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article