29 C
Yangon

မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံထားသော ဒေါ်လာ ၁ ဘီလီယံတန်ဖိုးရှိ စင်ကာပူ လုပ်ငန်း ၇ ခုနှင့် တရုတ် လုပ်ငန်း၁ ခုတို့အနေဖြင့် ခြွင်းချက်မရှိ လုပ်ငန်း ရပ်ဆိုင်းရန် NUG သတိပေး၊ ဥပဒေအရ အရေးယူမည်ဟု ကြေညာ

Must read

ရန်ကုန်၊ ဩဂုတ် ၁

မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံထားသော ဒေါ်လာ ၁ ဘီလီယံတန်ဖိုးရှိ စင်ကာပူ လုပ်ငန်း ၇ ခုနှင့် တရုတ် လုပ်ငန်း၁ ခု ခြွင်းချက်မရှိရပ်ဆိုင်းရန် အမျိုးသားညီညွတ်ရေးအစိုးရ NUGက သတိပေးလိုက်ပြီး ဥပဒေအရ အရေးယူမည်ဟု တရား ဝင် ထုတ်ပြန်ကြေညာသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသော စင်ကာပူ နှင့်တရုတ် ရင်းနှီးမြှပ်နှံမှုလုပ်ငန်း ၈ခုကို ခြွင်းချက်မရှိရပ်ဆိုင်းထားရန်နောက်ဆုံးအကြိမ် သတိပေးလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာနက ယနေ့သတိပေးသည်။

NUG ၏ တားမြစ်ချက်ကို မလိုက်နာပါက လက်တွေ့ကျကျ ပြင်းထန်စွာအရေးယူသွားမည်ဟု ဖော်ပြထားသည်။

စင်ကာပူ Myanmar Satoketayar Solar Power ကုမ္ပဏီ က မကွေးတိုင်းတွင် ဒေါ်လာ ၂၇ သန်းကျော်တန် ၃၀ မဂ္ဂါဝပ် နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံ၊ စင်ကာပူ Myanmar Kyeeonkyeewa Solar Power ကုမ္ပဏီက မကွေးတိုင်းတွင် ဒေါ်လာ ၂၈ သန်းကျော်တန် မဂ္ဂါဝပ် နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ၊ စင်ကာပူ Myanmar Kindar Solar Power က မန္တလေးတိုင်းတွင် ဒေါ်လာ ၂၇ သန်းကျော်တန် ၃၀ မဂ္ဂါဝပ် နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံ၊ စင်ကာပူ Myanmar Sedawgyi Solar Power က မန္တလေးတိုင်းတွင် ဒေါ်လာ ၂၇ သန်းကျော်တန် ၃၀ မဂ္ဂါဝပ် နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံ၊ စင်ကာပူ Shwekyin Solar Power က ပဲခူးတိုင်းတွင် ဒေါ်လာ ၃၈ သန်းကျော်တန် ၄၀ မဂ္ဂါဝပ် နေရောင်ခြည် စွမ်းအင်သုံး ဓာတ် အားပေး စက်ရုံ၊ စင်ကာပူ Yangon Thermal Power ကုမ္ပဏီက ရန်ကုန်တိုင်းတွင် ဒေါ်လာ ၅၂၂ သန်းကျော်တန် နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံ၊ စင်ကာပူ SIM ကုမ္ပဏီက ဧရာ၀တီတိုင်းတွင် ဒေါ်လာ ၃၇၆ သန်းကျော်တန် ဆိပ်ကမ်းနှင့်သိုလှောင်ရုံများ တည်ဆောက်ပြီး ကမ်းလွန် ရေနံတွင်းများ တွင် လိုအပ်သော ဝန်ဆောင်မှုများ ထောက်ပံခြင်းလုပ် ငန်း တို့ကို ရင်းနှီးမြှုပ်နှံထားသည်။

တရုတ် Best Garment ကုမ္ပဏီက ရန်ကုန်တိုင်းတွင် ဒေါ်လာ ၂၉ သန်းတန် စက်ရုံအဆောက်အဦများ တည်ဆောက် ၍ ပြန်လည် ငှားရမ်းခြင်းဝန်ဆောင်မှု လုပ်ငန်းလည်း ရင်းနှီးမြှုပ်နှံထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article